Friday, October 19, 2018

**မေတ္တာတွေနဲ့ရောက်လာတဲ့ ဂျပန်ပဲချိုမုန့် ယောကုချိယ**

**မေတ္တာတွေနဲ့ရောက်လာတဲ့ ဂျပန်ပဲချိုမုန့် ယောကုချိယ**


အစားကောင်းစားရတဲ့အခါ ချစ်ခင်သူတွေကို သတိရတယ်ဆိုတဲ့
စကားအတိုင်း အက်မင်မိတ်ဆွေတစ်ယောက်က စားဖို့ရာ 
လက်ဆောင်ဆိုပြီးပေးပို့လိုက်တဲ့ အရည်အသွေးမြင့်မား 
အရသာရှိလှတဲ့ ဂျပန်ပဲချိုမုန့်လေးစားနေတဲ့အချိန် 
အစားတစ်လိုင်းတို့ကိုလည်း သတိတရနဲ့ ဝေမျှပေးချင်တယ်ဗျ…

မုန့်ဗူးလေးရဲ့ ထုတ်ပိုးမှုပုံစံကိုသဘောကျလွန်းလို့ မစားခင်မှာပဲ
ဓါတ်ပုံတ၀ရိုက်ထားမိတယ်... ဗူးလေးကို ဖောက်လိုက်တော့လည်း
အထဲမှာ Shinanoji (ရှီနနော့ဂျီး) အချောင်းလေး ၆ချောင်းနဲ့
Yomoyama (ယော်မို့ယာမ) အ၀ိုင်းလေး ၁ခုပါတယ်ဗျ...

နှစ် ၃၈၀ ကျော် သက်တမ်းရှိ ဂျပန် နန်းတွင်းမုန့် ယောကုချိယ
ဆိုတာ အရည်သွေးမြင့် ကုန်ကြမ်းတွေနဲ့ ဖန်တီးပြုလုပ်ထားတာကြောင့် 
ရေနွေးကြမ်းလေးနဲ့ပဲစားစား၊ ကော်ဖီ၊လက်ဖက်ရည်၊ နွားနို့တို့နဲ့ပဲစားစား 
ပနံတင့် အရသာရှိ လိုက်ဖက်လှတယ်ဗျ... ကျနော်ကတော့ ရေနွေးကြမ်းနဲ့ပဲ 
မုန့်ကိုအရသာခံ စားတယ်... တစ်ထိုင်တည်းစားလိုက်တာ မုန့်ဗူးလေးလည်း
ပြိုက်ခနဲပဲ... မုန့်လေးတွေရဲ့ အရသာလေးတွေကတော့
အရမ်းအရသာရှိနူးညံ့ပြီး စားရသိပ်ကောင်းတယ်... 
သူ့ရဲ့ Taste က smooth & sweet ပေါ့ဗျာ...

*Shinanoji (ရှီနနော့ဂျီး)*
သူကတော့ အချောင်း ပုံသဏ္ဍန်လေးပါ… အရသာလေးက နူးညံ့တယ်…
အရမ်းကို နူးညံ့ပြီး စားလို့လွယ်ကူကောင်းမွန်လှသလို ပဲအချိုအနှစ်ကို 
ဌာပနာထည့်ထားတဲ့အတွက် အတွင်းသားမှာလည်း ပဲချိုနှစ်အရသာ
ဆိမ့်ဆိမ့်လေးခံစားရတယ်ဗျ… အပေါ်ယံလွှာမှာလည်း သကြားမှုန်လေးတွေ
ကပ်ပေးထားပေးတော့ ချိုမြမြအရသာလေးကို ထပ်ခံစားရတယ်ဗျ…

*Yomoyama (ယော်မို့ယာမ)*
သူကတော့ အ၀ိုင်းသဏ္ဍန်လေးဗျ… Ryoguchiya-Korekiyo ရဲ့
အရောင်းရဆုံးနဲ့ အကျော်ကြားဆုံး မုန့်ဗူးထဲမှာ ဒီမုန့်လေးကို ထည့်သွင်း
ထားတယ်ဗျ… သူ့မှာလည်း ရှိနနော့ဂျီးလိုပဲ ပဲအချိုအနှစ်ကို ဌာပနာထည့်ထား
သလို အပေါ်မှာ နှင်းမှုန်သကြားလေးတွေကပ်ပေးထားပေးတယ်ဗျ…


ကောင်းမွန်တဲ့အရသာ၊ ဆန်းသစ်ခန့်ညားတဲ့ ထုတ်ပိုးမှုတွေနဲ့ ‘ယောကုချိယ’ဟာ
မကြာမီအချိန်မှာ မြန်မာပြည်တွင်း ဖြန့်ဖြူးရောင်းချသွားမှာဖြစ်တာမို့ 
ဆွဲဆောင်မှုရှိလှတဲ့ ‘ယောကုချိယ’ကို ဓါတ်ပုံလေးတွေနဲ့ ရှူစားရင်း
ဖွင့်လှစ်တဲ့အခါ အားပေးနိုင်ပါကြောင်း သတင်းကောင်းလေးပေးလိုက်ပါတယ်ဗျာ…

ကျနော့်လိုပဲ ယောကုချိယကို မြန်မာပြည်ရောက်လာဖို့ စောင့်မျှော်နေတဲ့ 
အစားတစ်လိုင်းတွေလည်းမြန်မာပြည်မှာ ‘ယောကုချိယ’ ဘယ်တော့ဖွင့်မလဲ 
ဘယ်နေရာမှာဖွင့်မလဲဆိုတာ သတင်းတွေမပြတ်သိနေရအောင် 
ယောကုချိယ Page https://www.facebook.com/ryoguchiyaMM ကိုလည်း
ဝင်ကြည့်ထားနိုင်ပါတယ်ဗျ…