Friday, May 24, 2019
**လှည်းတန်းဈေးအနီးနားက အပီဆွဲ စားစရာလေးတွေ**
**လှည်းတန်းဈေးအနီးနားက အပီဆွဲ စားစရာလေးတွေ**
ငွေ၅၀၀၀ကျော်နဲ့ လှည်းတန်းအနီးတ၀ိုက်မှာ ဘော်ဒါတွေ ဘော်ချွတ်တွေ
အပီဆွဲလို့ကောင်းပြီး ဗိုက်လည်းဝ အရသာရှိမယ့် ဆိုင်လေးတွေ ပြောပြပေးမယ်…
🥟🥖လှည်းတန်းဈေး ရှေ့နားက ဖက်ထုပ်နဲ့ကော်ပြန့်ကြော်ဆိုင်လေး🥟🥖
အဲ့ဆိုင်လေးမှာ ဖက်ထုပ်ကြော်၊ ကော်ပြန့်ကြော်အပြင် ဘဲသားမုန့်၊ ပဲမုန့်၊
မုန့်လင်မယားတို့ပါရောင်းတယ်ဗျ… ဖက်ထုပ်ကြော်ရော ကော်ပြန့်ကြော်ရော
၅၀၀ဖိုးကို ၇ခုတဲ့ဗျ... တစ်ထောင်ဖိုးဝယ်တော့ ၁၄ခုရတယ် ;)
ဖက်ထုပ်လေးတွေကို ငါးဖယ်လေးတွေ အလယ်မှာ ထာပနာလုပ်ပေးထားပြီး
ငှက်ပျောရွက်လေးတွေနဲ့ စည်းထားပေးတော့ စည်းကြိုးလေးတွေကလည်း
စားလို့ ရတယ်ဗျ… ကော်ပြန့်ကြော်လိပ်ထဲမှာဆို အာလူးအရသာလေးတောင်
ခံစားရတယ်… အာလူးလေးတွေတောင် ပါတယ်ဗျ… ဒီဆိုင်လေးက
ဒီလှည်းတန်းဈေးရှေ့နားလေးမှာ ရောင်းနေခဲ့တာ ၁၁နှစ်ကျော်ရှိပြီတဲ့ဗျ…
ဈေးတန်ပြီး စားကောင်းတဲ့ ဆိုင်လေးမို့ လမ်းကြုံတဲ့အခါ မြည်းစမ်းကြည့်ဖို့
မျှဝေပါတယ်ဗျ…
🌮 စိန်ဂေဟာဘေးက လင်းပြည့် - ဘိန်းမုန့်၊ မုန့်ပစ်သလက်
စိန်ဂေဟာဘေးနား လင်းပြည့် ဘိန်းမုန့်၊ မုန့်ပစ်သလက် ဆိုင်လေးကလည်း
ဖြတ်သွားဖြတ်လာတွေ မျက်စိကျစေတဲ့ဆိုင်လေးပါပဲ… အဲ့ဆိုင်လေးလည်း
ဖွင့်ခဲ့တာ အတော်လေးကြာပြီဗျ… ဘိန်းမုန့် အချိုစားစား အစပ်စားစား၊
မုန့်ပစ်သလက်စားစား ကြိုက်တာစား တစ်ထောင်ဖိုး ၄ချပ်တဲ့ဗျ… တန်လည်း
တန် စားလို့လည်း ကောင်းတဲ့ ဆိုင်လေးမို့ ကြုံကြိုက်တဲ့အခါ အားပေးလိုက်ပါဦးဗျာ...
🥤 ဆုကော်ဖီဆိုင်လေးအကျော်က သစ်သီးဖျော်ရည်ဆိုင်လေး
(သရက်သီးဖျော်ရည်၊ကျောက်ကျောဖျော်ရည်၊ဆေးကုလားမ ဖျော်ရည်)
စိန်တစ်လုံးသရက်သီးအကြီးကြီးတစ်လုံးလုံးကို ခွဲပီးဖျော်ပေးတာဗျာ
အရသာကလည်းမွှေးပီးချိုနေတာပဲ ရင်ထဲလည်းအေးနေ ရော  ပီးတော့
ကျောက်ကျော ဖျော်ရည်လေး ရယ် ဆေးကုလားမ ဖျော်ရည်လေးရယ်
အဲနှစ်မျိုးကတော့ ဖျော်ပီးသားကိုဖန်ပုံးထဲထည့်ထားတယ် အရသာလေး
ကတော့ ချိုချဉ်လေးနဲ့  အေးအေးလေးဆိုတော့ လှည်တန်းတ ခွင်လျှောက်ပတ်
စားပီး အအီပြေ လေး ကိုဈေးသက်သက်သာနဲ့ သောက်နိုင်တာပေါ့ဗျာ...
🍲 မာလာဟင်းနဲ့ သင်္ဘောသီးထောင်းက လှည်းတန်းစင်တာရှေ့နားမှာ
စားစရာအမယ် စုံလင်လှတယ်ဗျ မာလာဟင်း သဘောင်္သီးထောင် တင်မကပါဘူး..
ငါးကင် ရွှေဘဝဲသုပ် ဝက်အစုံသုပ် ကြာဇံကြော် ကြက်ခြေထောက် ခေါက်ဆွဲပြုတ်
တော်တော်စုံနေပါပြီနော် အမယ်လဲစုံတယ် ဟင်းပွဲအရသာတွေက ခံတွင်း
တွေ့ ဈေးနှုန်းလေးတွေက အနေတော်လေးတွေပေါ့……
ဒါပေမယ့် ဆိုင်တွေက ကားလမ်းမကြီးဘေးတင်ဆိုတော့ သန့်ရှင်းမှုတော့
လိုအပ်တာလေးတော့ရှိတာပေါ့နော်……..‍.
😋 ကဲ...အက်မင်တို့ စားဖြစ်ခဲ့တဲ့ လှည်းတန်းအနီးနားက စားကောင်းပြီး
အရသာရှိတဲ့ Street Food လေးတချို့တော့ ဖော်ပြပေးလိုက်ပြီနော်…
အစားတစ်လိုင်းတို့လည်း စားဖြစ်ခဲ့တဲ့ ကောင်းနိုးရာရာ လှည်းတန်းအနီးနား
ဆိုင်လေးတွေရှိရင် Comment လေးမှာ အပြန်အလှန် မျှဝေခဲ့ဦးဗျ…
နောက်အပတ်တွေ ဘယ်တွေ သွားစားစေချင်သလဲဆိုတာလဲ ပြောပြပေးသွား
လို့ရပါတယ်… ချစ်သောအစားတစ်လိုင်းလေးတို့ရေ 🤗❤️😇
#Asartaline #FoodReview #StreetFood
#BudgetFood #HlaeDen
www.facebook.com/AsarTaLine
www.asartaline.blogspot.com
www.instagram.com/asartaline
asartaline.foodreview@gmail.com
Wednesday, February 6, 2019
**Fine Diningတွေမှာ စားရတဲ့ လက်ရာအနေအထားနဲ့ ဈေးနှုန်းသင့်တင့်တဲ့ နိုင်ငံစုံ စားသောက်ဆိုင်ကြီး**
**Fine Diningတွေမှာ စားရတဲ့ လက်ရာအနေအထားနဲ့
ဈေးနှုန်းသင့်တင့်တဲ့ နိုင်ငံစုံ စားသောက်ဆိုင်ကြီး**
Foreignပြန် သူငယ်ချင်းတစ်ယောက်က မနက်စာလိုက်ကျွေးမယ်ဆိုလို့ အက်မင်တစ်ယောက် စားရချည်ရဲ့ဆိုပြီး လိုက်သွားမိတဲ့ဆိုင်က အနေအထား ဒီဇိုင်းကာလာ ဘာညာက လုံးဝအဖိုင်းဗျာ.. လက်ရာကလည်း ရှယ်ကောင်း။ ၀န်ဆောင်မှုလည်း ပြောစရာမလို လိုလေသေးမရှိ ကောင်းမွန်လွန်းတဲ့ အက်မင်ကိုယ်တွေ့ အတွေ့အကြုံ Foodfare Fusion Kitchen အကြောင်းလေး ပြောပြချင်သေးတယ်ဗျ…
ကားပါကင် ကျယ်ဝန်းပြီး၊ သွားရေးလာရေးအဆင်ပြေတဲ့ တာမွေ၊ 
ကျိုက္ကဆံလမ်းမကြီးပေါ်မှာရှိတယ်ဗျ… အက်မင်သတိထားမိသလောက်တော့ ဒီဆိုင်လေးက ဖွင့်တာ တော်တော်တော့ကြာပြီဗျ.. သူ့ဆိုင်မှာ ယူရို၊ ထိုင်း၊ တရုတ်၊ မလေးရှားနဲ့ အိန္ဒိယစာတွေကို စုံလင်အောင်ရတယ်ဗျ…
Menu Book ကို လှန်လှောကြည့်လိုက်တော့လည်း ပွင့်လင်းမြင်သာမှုရှိရှိ 
Menu တွေနဲ့ ဈေးနှုန်းတွေကို တွေ့မြင်ရတယ်…
 ဈေးနှုန်းတွေကလည်း 2000 ကနေ 8000 ကြားဆိုတော့ ဒီဆိုင် ဒီအနေအထားမှာ တော်တော်တော့ မဆိုးဘူးပြောရမယ်… အက်မင်ဒီလို သုံးသပ်မိတာ စားဖွယ်တွေကို မမြင်တွေ့ရသေးခင်၊ လက်ရာကို မခံစားရသေးခင်နော်…
အဲ့ဆိုင်မှာ အက်မင်တို့သူငယ်ချင်းတွေ စားဖြစ်ခဲ့တာလေးတော့ မလေးရှားနဲ့
အိန္ဒိယစာတစ်လိုင်းပေါ့ဗျာ… 
 🍙 ပိရမစ်တိုရှည် - တိုရှည်တော့ တိုရှည်ပဲ အထောင်လိုက်လေး လာချပေးတော့ ပိရမစ်လိုဖြစ်နေတာပေါ့ဗျာ… ပဲဟင်းဖြူလေးရယ်၊ ပဲဝါဟင်းလေးရယ်၊ အချဉ်၊ အစပ်လေးတွေရယ်နဲ့ တွဲဖက်စားတယ်… ပဲဝါဟင်းလေးထဲမှာ 
ဒန့်ဒလွန်သီးလေးတွေတောင်ပါသေး… ပဲဟင်းကော အချဉ်အစပ်တွေကောက လုံးဝ မိုက်တယ်… 
🥔 အာလူးပူရီ - အာလူးအနှစ်အတော်လေးကောင်းတယ်… ပူရီသားကလည်း မထူမပါးလေးမို့ စားရတာ အဆင်ပြေတယ်…
🥞 ကြက်ကီးမား - တစ်ပွဲကို တော်တော်လေးများပါတယ်… အထဲမှာလည်း အသားတွေ အဆာပလာတွေ နိုင်ချင်းနဲ့ ထာပနာလုပ်ပေးထားတယ်… ပလာတာသား နူးညံ့တယ်ပြောရမယ်…
🍖 ဆိတ်စွပ်နံပြား - ဆိတ်စွပ်ကနူးနေရောဗျာ… ဆိတ်စွပ်လေး ဆိတ်ရိုးလေးစုပ် ရှယ်ပဲဗျာ… နံပြားကလည်းကောင်းတော့… လိုက်ဖက်ညီနေရောဗျာ…
🥛 နို့ပေါင်းလက်ဖက်ရည် - ကျွဲနို့နဲ့ ပြုလုပ်ထားတာတဲ့ဗျ… ကျွဲနို့ရဲ့ ပရိုတိန်းဓါတ်ကြွယ်ဝမှုရယ်၊ လက်ဖက်ရည်ရဲ့ စိတ်ကြည်လင်လန်းဆန်းမှုရယ်က တစ်နေ့တာကို အားအင်ပြည့်ဝ လန်းဆန်းစေမှာမို့ ကွက်တိပဲ! 
 🍗 Tandoori Chicken - အိန္ဒိယစတိုင်ကြက်ကင် 
အက်မင်ကတော့ ကြက်ကင် ပေါင်တွေကို အချောင်းလိုက်ကိုင်ပြီး ရှယ်ကိုက်တော့တာပဲ… အသားကနူးနေတော့ အတော်မိုက်တာဗျ…
🥘 Kadai Chicken - အိန္ဒိယစတိုင်ကြက်သားငရုပ်စပ်
အစပ်အရသာကြိုက်နှစ်သက်သူတွေတော့ အတော်ကိုသဘောကျမယ့်ဟင်းပွဲမျိုးပါပဲဗျာ…
🥠 Chicken Malai Tikka - အိန္ဒိယစတိုင် မလိုင်အနှစ်စိမ်ကြက်ကင်
မလိုင်အနှစ်လေးတွေစိမ်ထားတော့ အတွင်းထဲထိစိမ့်ဝင်နေပြီး အရသာဆိမ့်ဆိမ့်လေးနဲ့ ကြက်သားနူးနူးလေးက တကယ်ကိုလုံးဝမိုက်တယ်… ဒါကတော့ အက်မင်အကြိုက်ဆုံး အခိုက်ဆုံးဖြစ်ခဲ့ရတဲ့ ဟင်းပွဲလို့တောင်ပြောလို့ရတယ်…
🍝 Mee Goreng - မလေးရှားခေါက်ဆွဲကြော်
ဒီခေါက်ဆွဲပွဲက ခေါက်ဆွဲကြော်စားရင် အီတယ်ဆိုတဲ့ concern လုံးဝဖျောက်ပေးလိုက်တာပဲ… အက်မင်တို့ ပင်လယ်စာနဲ့စားဖြစ်တယ်… ပုဇွန်တွေ ပြည်ကြီးငါးတွေ အတော်လေးများတယ်ဗျ…
 🥪 ဆီခြောက်ပလာတာ - ဆီခြောက်ပလာတာလေးကို ပဲအနှစ်နဲ့ရောစားတာ ရှယ်မိုက်တယ်ဗျ… မုန့်သားတွေ ဒီလောက် ကောင်းနေတာ ဂျုံနယ်တာ အတော်လေး ဆရာကျတယ်ပြောရမယ်…
🌮 နံပြားထောပတ်သုတ် - ထောပတ်တွေရွှဲရွှဲသုပ်ထားပေးတယ်… မွှေးပြီးစားလို့ကောင်းတယ်ဗျ… နို့ပေါင်းလက်ဖက်ရည်လေး သောက်လိုက် နံပြားထောပတ်သုပ်လေးစားလိုက်… ရှယ်ပဲ 😎
 💥 ဆိုင်ကြီးတခမ်းတနားနဲ့ ဈေးတွေတော့ ဆော်ပြီထင်တာ လုံးဝ ဈေးမကြီးဘူး… ဈေးနှုန်းအသင့်အတင့်လေးတွေနဲ့ လက်ရာနဲ့ ၀န်ဆောင်မှု ရှယ်ကောင်းလို့ အစားတစ်လိုင်းဘော်ဘော်တို့ကို သတင်းကောင်းလေး မျှတယ်နော်… 
 သန့်ရှင်းမှု - 5 / 5
 အရသာ - 5 / 5
 နေရာထိုင်ခင်း - 5 / 5
 ဈေးနှုန်း - 4 / 5
ဆိုင်အမည် - Foodfare Fusion Kitchen 
ဆိုင်ဖွင့်ချိန် - မနက် ၆ နာရီ ~ ည ၁၁ နာရီ
ဆိုင်လိပ်စာ - No.102-104, Kyaik Ka San Rd, Tamwe. ကျိုက္ကဆံလမ်းမ၊ အ.ထ.က(၅)တာမွေရှေ့။