Friday, September 29, 2017

Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလး


အစားတစ္လုိင္းတို႔ေရ...
ေဆာင္းဝင္လာျပီဆိုေတာ့ ေခါက္ဆဲြ ပူပူစပ္စပ္ေလးေတြ စားလုိ႔ရတဲ့
ဂ်ပန္ေခါက္ဆြဲဆိုင္ေလး အေၾကာင္းေျပာျပမယ္ေနာ္ …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလးပါ။
တခ်ိဳ႕က ဒီဆုိင္ကို သိၾကေပမယ့္ သူ႔ဆီက စားလို႔ေကာင္းတဲ့ အစားအေသာက္ေတြ အေၾကာင္းေတာ့ အသိနည္းၾကတယ္။
အဓိက ညႊန္းခ်င္တာကေတာ့ ပူပူစပ္စပ္ ေလးနဲ႔ အရသာထူးျခားတဲ့ Spicy Ramen ပဲျဖစ္ပါတယ္။ ပံုမွန္ဆိုရင္ Ramen လို႔ေျပာလုိက္တာနဲ႔ ခ်ိဳခ်ိဳဆိမ့္ဆိမ့္ ဂ်ပန္ေခါက္ဆြဲ အရသာမ်ိဳးလို႔ ထင္ထားတာ။ အခု Spicy Ramen ကေတာ့ ေခါက္ဆြဲသားႏူးညံ႔ျပီး အရည္ေရာအဖတ္ေရာစားလို႔ရတယ္၊ ပူပူစပ္စပ္အရသာ ရိွလို႔ လူတိုင္းအၾကိဳက္ေတြ႔ေစမွာပါ။
ေနာက္ထပ္ဟင္းပဲြတစ္ခု Katsu Don ေလးကေတာ့ ထမင္းကို ၾကက္ဥေပါင္းႏွင့္ ေရာထားျပီး ၾကက္သားေၾကာ္ ေလးန႔ဲ တဲြဖက္စားသံုးရတာပါ။ ၾကက္သားကို မုန္႔အႏွစ္နဲ႔ အၾကြပ္ေၾကာ္ ထားေတာ့ တမူထူးျခားေနတာေပါ့ေနာ္…
Kimchi Nabe Udon ကေတာ့ ေခါက္ဆြဲလံုး ၾကီးၾကီးကို Seafood၊ အသားလံုး၊ မိႈအစံုအလင္နဲ႔ ေတာ္ေတာ္ အရသာရိွလွတယ္ဗ် ။ Seafood မၾကိဳက္တဲ့သူေတြအတြက္ ၾကက္သားနဲ႔လည္း မွာစားလို႔ရပါတယ္။
Gyoza လို႔ေခၚတဲ့ ဝက္သားဖက္ထုပ္ေၾကာ္ ဆိုတာေလးလည္း ရိွပါေသးတယ္။ ထူးျခားတာက ဖက္ထုပ္ေၾကာ္ကို ဘယ္အေအးနဲ႔မဆို တြဲဖက္စားဖို႔ အတြက္ 1200 ပဲေပးရမွာပါ။ Chashu (ဝက္သားျပားေပါင္း) ကေတာ့ ႏူးႏူးအိအိ ေလးနဲ႔ စားလို႔ ေကာင္းတယ္။
ေနာက္ျပီးေတာ့ ခ်စ္စရာ Marshmallow ေလးေတြနဲ႔ျပဳလုပ္ထားတဲ့ Home-made ေရခဲမုန္႔ေလးေတြ ကေတာ့ အက္မင္တို႔ အၾကိဳက္ေပါ့။
ဒီဆုိင္ကို အစားတစ္လုိင္းက သိရတာလို႔ေျပာရင္ Discount ေပးဦးမွာေနာ္ 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) တို႔ အတြက္ 10% Discount ရမွာပါ…
Ramen Monster ရဲ႕ အစဥ္အလာမပ်က္ Ramen Challenge ဆိုတာလည္းရိွပါေသးတယ္။
Ramen ပြဲၾကီးတစ္ပြဲကို မိနစ္ႏွစ္ဆယ္ အတြင္း ကုန္ေအာင္ စားႏုိ္င္မယ္ဆိုရင္ ေနာက္တစ္ၾကိမ္စားသံုးခြင့္ ၈၅၀၀ တန္ Cupon တစ္ေစာင္ကို ရရိွမွာေနာ္..။
အခုဆိုရင္ ျမန္မာပလာဇာ Food City မွာလည္း ဆုိင္ခြဲအသစ္ေရာက္ရိွ​​​ေနပာျပီေနာ္…
ဆုိင္လိပ္စာ - Junction Mawtin ေျမညီထပ္ (KFC ေဘး)
ဆုိင္ခြဲမ်ား - Hledan Center ၊ Myanmar Plaza
ဆုိင္ဖြင့္ခ်ိန္ - 10:30AM – 9:00AM
(Unicode)
အစားတစ်လိုင်းတို့ရေ...
ဆောင်းဝင်လာပြီဆိုတော့ ခေါက်ဆွဲ ပူပူစပ်စပ်လေးတွေ စားလို့ရတဲ့
ဂျပန်ခေါက်ဆွဲဆိုင်လေး အကြောင်းပြောပြမယ်နော် …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆိုင်လေးပါ။
တချို့က ဒီဆိုင်ကို သိကြပေမယ့် သူ့ဆီက စားလို့ကောင်းတဲ့ အစားအသောက်တွေအကြောင်းတော့ အသိနည်းကြတယ်..
အဓိက ညွှန်းချင်တာကတော့ ပူပူစပ်စပ် လေးနဲ့ အရသာထူးခြားတဲ့ Spicy Ramen ပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Ramen လို့ပြောလိုက်တာနဲ့ ချိုချိုဆိမ့်ဆိမ့် ဂျပန်ခေါက်ဆွဲ အရသာမျိုးလို့ ထင်ထားတာ။ အခု Spicy Ramen ကတော့ ခေါက်ဆွဲသားနူးညံ့ပြီး အရည်ရောအဖတ်ရောစားလို့ရတယ်၊ ပူပူစပ်စပ်အရသာ ရှိလို့ လူတိုင်းအကြိုက်တွေ့စေမှာပါ..
နောက်ထပ်ဟင်းပွဲတစ်ခု Katsu Don လေးကတော့ ထမင်းကို ကြက်ဥပေါင်းနှင့် ရောထားပြီး ကြက်သားကြော် လေးနဲ့ တွဲဖက်စားသုံးရတာပါ။ ကြက်သားကို မုန့်အနှစ်နဲ့ အကြွပ်ကြော် ထားတော့ တမူထူးခြားနေတာပေါ့နော်…
Kimchi Nabe Udon ကတော့ ခေါက်ဆွဲလုံး ကြီးကြီးကို Seafood၊ အသားလုံး၊ မှိုအစုံအလင်နဲ့ တော်တော် အရသာရှိလှတယ်ဗျ ။ Seafood မကြိုက်တဲ့သူတွေအတွက် ကြက်သားနဲ့လည်း မှာစားလို့ရပါတယ်။
Gyoza လို့ခေါ်တဲ့ ဝက်သားဖက်ထုပ်ကြော် ဆိုတာလေးလည်း ရှိပါသေးတယ်။ ထူးခြားတာက ဖက်ထုပ်ကြော်ကို ဘယ်အအေးနဲ့မဆို တွဲဖက်စားဖို့ အတွက် 1200 ပဲပေးရမှာပါ.. Chashu (ဝက်သားပြားပေါင်း) ကတော့ နူးနူးအိအိ လေးနဲ့ စားလို့ ကောင်းတယ်..
နောက်ပြီးတော့ ချစ်စရာ Marshmallow လေးတွေနဲ့ပြုလုပ်ထားတဲ့ Home-made ရေခဲမုန့်လေးတွေ ကတော့ အက်မင်တို့ အကြိုက်ပေါ့။
ဒီဆိုင်ကို အစားတစ်လိုင်းက သိရတာလို့ပြောရင် Discount ပေးဦးမှာနော် 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) အတွက် 10% Discount ရမှာပါ…
Ramen Monster ရဲ့ အစဉ်အလာမပျက် Ramen Challenge ဆိုတာလည်းရှိပါသေးတယ်။
Ramen ပွဲကြီးတစ်ပွဲကို မိနစ်နှစ်ဆယ် အတွင်း ကုန်အောင် စားနို်င်မယ်ဆိုရင် နောက်တစ်ကြိမ်စားသုံးခွင့် ၈၅၀၀ တန် Cupon တစ်စောင်ကို ရရှိမှာနော်..
အခုဆိုရင် မြန်မာပလာဇာ Food City မှာလည်း ဆိုင်ခွဲအသစ်ရောက်ရှိပါပြီနော်…
ဆိုင်လိပ်စာ - Junction Mawtin မြေညီထပ် (KFC ဘေး)
ဆိုင်ခွဲများ - Hledan Center ၊ Myanmar Plaza
ဆိုင်ဖွင့်ချိန် - 10:30AM – 9:00AM
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #JunctionMawtin #Myanmar #Ramen #Noodle #Spicy #Kimchi #အစားတစ္လိုင္း #ဂ်ပန္ #ေခါက္ဆဲြ #ခ်ဥ္စပ္
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Friday, September 22, 2017

၀က္သားတုတ္ထိုးမလား? ၾကာဇံေၾကာ္ေလးစားမလား… ကိုႀကီးကိုသြား :D


၀က္သားတုတ္ထိုးမလား? ၾကာဇံေၾကာ္ေလးစားမလား… ကိုႀကီးကိုသြား :D
အသီးမွာ သရက္၊ အသားမွာ ၀က္ဆိုသလို… ၀က္သားမႀကိဳက္လွသူက
ခပ္မ်ားမ်ားထင္ပါတယ္… ဒီလိုပဲ ၀က္သားတုတ္ထိုးဆိုရင္ အသည္းစဲြခိုက္တဲ့
ကိုကို၊မမတို႔လည္း မ်ားလွမယ္ထင္မိဗ်… ;)
ဒီေတာ့ အက္မင္တို႔က အႀကိဳက္တူသူေတြကို ညႊန္းခ်င္တာက
ဒီရက္ပိုင္း စားျဖစ္ခဲ့တဲ့ ေရလည္မိုက္တဲ့ ၀က္သားနဲ႔ၾကာဇံဆိုင္ေလး
အေၾကာင္း ေျပာျပဦးမယ္ အစားတစ္လိုင္းတို႔ေရ…
ဆိုင္နာမည္က ကိုႀကီးတဲ့… ဆိုင္အျပင္အဆင္က တခမ္းတနားႀကီး
မဟုတ္ေပမယ့္ အရသာနဲ႔ ေစတနာကေတာ့ တကယ္လက္ဖ်ားခါတယ္…
ကိုႀကီးဆီမွာ… ၾကာဇံတို႔၊ ၀က္သားတို႔အျပင္၊ ေခါက္ဆဲြ၊ ေကာ္ျပန္႔ေၾကာ္၊
ေကာ္ျပန္႔စိမ္းတို႔နဲ႔ ဘဲဥေပါင္းဆိုၿပီး စားခ်င္စရာေတြ အစံုရတယ္…
အဲ့ေတာ့ အက္မင္တို႔လည္း ေရငတ္တုန္း ေရတြင္းထဲက်ဆိုသလို
ကိုႀကီးဆီမွာ., ဆာဆာနဲ႔ တီးျဖစ္လိုက္ၾကတယ္… :D
၀က္သားအစံုတစ္ပဲြမွာလိုက္တာ အေတာ္ေလးမ်ားတယ္… အရသာကလည္း
ပံုမွန္တုတ္ထိုးေတြထက္ကိုေကာင္းတယ္ဗ်ာ… တကယ့္ကို ရွလြတ္ဖြယ္ပဲ… :P
ေကာ္ျပန္႔မွာဆိုရင္ အစိမ္းနဲ႔အေၾကာ္ (၂)မ်ိဳဳးရတယ္… အေၾကာ္က
ကၽြတ္ကၽြတ္ရြရြေလးနဲ႔ တစ္မ်ိဳး အရသာရိွသလို… အစိမ္းကလည္း
ေပ်ာ့ေပ်ာ့အိအိေလးနဲ႔ စားေကာင္းျပန္ေရာဗ်… ;)
ဥဆိုရင္ လာထားဆိုတဲ့ ဥႀကိဳက္သူေတြအတြက္ကေတာ့
ဘဲဥေပါင္းတစ္လံုးမွ ၃၀၀ဆိုေတာ့ ၂လံုးေလာက္ မွာလိုက္ရင္ကို
အပီဆဲြလို႔ရတယ္ဗ်…
ၾကာဇံေၾကာ္တို႔၊ ေခါက္ဆဲြေၾကာ္တို႔ကို အသီးအရြက္ေလးနဲ႔
သက္သက္လြတ္ေၾကာ္ထားေပးတာဗ်ာ… အခ်ဥ္ရည္ေလးနဲ႔
ငရုပ္သီးမႈန္႔ေလးနဲ႔ ေရာၿပီး စားလိုက္တာ ရွယ္ပဲဗ်ာ…
အရည္ေသာက္အေနနဲ႔ ဟင္းခ်ိဳရည္ေလးကလည္း ေက်ာက္ဖရံုသီးကို
တရုတ္နံနံေလးနဲ႔ ခ်က္ထားတာမို႔ က်န္းမာေရးအတြက္လည္းေကာင္းတယ္ဆိုပဲဗ်… ;)
ဆိုေတာ့ဗ်ာ… အစားကို ၀၀နဲ႔ အႀကိဳက္စားခ်င္တယ္ဆိုရင္ေတာ့
ကိုႀကီးဆီသာ သြားလိုက္ပါေတာ့… သြားလိုက္ပါေတာ့ဗ်ာ… ;) :D :P :-)
ပံုေအာက္က Caption ေလးေတြဖတ္ရင္း သားေရယိုသြားၾကဦးေနာ့္ ;)
စားမွာပဲ၊ ၀ါးမွာပဲဆိုတဲ့ သူငယ္ခ်င္းေတြကိုလည္း mention ေခၚလိုက္ပါဦးလို႔… :D
:-)
ဆိုင္ဖြင့္ခ်ိန္ - ေန႔ခင္း 12:30 မွ ည 8:30 အထိ
ဆိုင္လိပ္စာ - အမွတ္ - ၁၄၂၊ ၃၇ လမ္း၊ မဟာဗႏၶဳလလမ္းထိပ္၊ ရန္ကုန္
ဖုန္းနံပါတ္ - 09-5100532, 09-795100532
(Unicode)
၀က်သားတုတ်ထိုးမလား? ကြာဇံကြော်လေးစားမလား… ကိုကြီးကိုသွား :D
အသီးမှာ သရက်၊ အသားမှာ ၀က်ဆိုသလို… ၀က်သားမကြိုက်လှသူက
ခပ်များများထင်ပါတယ်… ဒီလိုပဲ ၀က်သားတုတ်ထိုးဆိုရင် အသည်းစွဲခိုက်တဲ့
ကိုကို၊မမတို့လည်း များလှမယ်ထင်မိဗျ… ;)
ဒီတော့ အက်မင်တို့က အကြိုက်တူသူတွေကို ညွှန်းချင်တာက
ဒီရက်ပိုင်း စားဖြစ်ခဲ့တဲ့ ရေလည်မိုက်တဲ့ ၀က်သားနဲ့ကြာဇံဆိုင်လေး
အကြောင်း ပြောပြဦးမယ် အစားတစ်လိုင်းတို့ရေ…
ဆိုင်နာမည်က ကိုကြီးတဲ့… ဆိုင်အပြင်အဆင်က တခမ်းတနားကြီး
မဟုတ်ပေမယ့် အရသာနဲ့ စေတနာကတော့ တကယ်လက်ဖျားခါတယ်…
ကိုကြီးဆီမှာ… ကြာဇံတို့၊ ၀က်သားတို့အပြင်၊ ခေါက်ဆွဲ၊ ကော်ပြန့်ကြော်၊
ကော်ပြန့်စိမ်းတို့နဲ့ ဘဲဥပေါင်းဆိုပြီး စားချင်စရာတွေ အစုံရတယ်…
အဲ့တော့ အက်မင်တို့လည်း ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို
ကိုကြီးဆီမှာ., ဆာဆာနဲ့ တီးဖြစ်လိုက်ကြတယ်… :D
၀က်သားအစုံတစ်ပွဲမှာလိုက်တာ အတော်လေးများတယ်… အရသာကလည်း
ပုံမှန်တုတ်ထိုးတွေထက်ကိုကောင်းတယ်ဗျာ… တကယ့်ကို ရှလွတ်ဖွယ်ပဲ… :P
ကော်ပြန့်မှာဆိုရင် အစိမ်းနဲ့အကြော် (၂)မျိုုးရတယ်… အကြော်က
ကျွတ်ကျွတ်ရွရွလေးနဲ့ တစ်မျိုး အရသာရှိသလို… အစိမ်းကလည်း
ပျော့ပျော့အိအိလေးနဲ့ စားကောင်းပြန်ရောဗျ… ;)
ဥဆိုရင် လာထားဆိုတဲ့ ဥကြိုက်သူတွေအတွက်ကတော့
ဘဲဥပေါင်းတစ်လုံးမှ ၃၀၀ဆိုတော့ ၂လုံးလောက် မှာလိုက်ရင်ကို
အပီဆွဲလို့ရတယ်ဗျ…
ကြာဇံကြော်တို့၊ ခေါက်ဆွဲကြော်တို့ကို အသီးအရွက်လေးနဲ့
သက်သက်လွတ်ကြော်ထားပေးတာဗျာ… အချဉ်ရည်လေးနဲ့
ငရုပ်သီးမှုန့်လေးနဲ့ ရောပြီး စားလိုက်တာ ရှယ်ပဲဗျာ…
အရည်သောက်အနေနဲ့ ဟင်းချိုရည်လေးကလည်း ကျောက်ဖရုံသီးကို
ပူစီနံလေးနဲ့ ချက်ထားတာမို့ ကျန်းမာရေးအတွက်လည်းကောင်းတယ်ဆိုပဲဗျ… ;)
ဆိုတော့ဗျာ… အစားကို ၀၀နဲ့ အကြိုက်စားချင်တယ်ဆိုရင်တော့
ကိုကြီးဆီသာ သွားလိုက်ပါတော့… သွားလိုက်ပါတော့ဗျာ… ;) :D :P :-)
ပုံအောက်က Caption လေးတွေဖတ်ရင်း သားရေယိုသွားကြဦးနော့် ;)
စားမှာပဲ၊ ၀ါးမှာပဲဆိုတဲ့ သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦးလို့… :D
Opening hour : 12:30 PM - 8:30 PM
ဆိုင်လိပ်စာ - အမှတ်(142)၊ (37)လမ်း၊ မဟာဗန္ဓုလလမ်းထိပ်၊ ပန်းဆိုးတန်း။
ဖုန်းနံပါတ် - 09-5100532, 09-795100532
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#Vermicelli #Noodle #PorkStick #PanRoll #အစားတစ်လိုင်း #ကော်ပြန့် #၀က်သား #ခေါက်ဆွဲ #ကြာဇံ #ပန်းဆိုးတန်း
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com