Monday, October 23, 2017

ထိုင္းရိုးရာ အစားအစာေတြစံုလင္တဲ့ Tuk Tuk Thai Café


ထိုင္းရိုးရာ အစားအစာေတြစံုလင္တဲ့ Tuk Tuk Thai Café
အစားတစ္လိုင္းတို႔ေရ…
ရန္ကုန္ျမိဳ႕က ထူးျခားတဲ့ စားေသာက္ဆိုင္ေလး တစ္ခု အေၾကာင္း သတင္းေပးခ်င္ပါတယ္ေနာ္….ဘိုကေလးေစ်းလမ္း အလယ္ဘေလာက္မွာဖြင့္ထားျပီး နာမည္က Tuk Tuk Thai Café လို႔ေခၚတယ္။ အရင္က Mexican အစားအစာေတြရတဲ့ Tin Tin Restaurant ကေန Tuk Tuk Thai Café လို႔ ေျပာင္းဖြင့္ လိုက္တာပါ။
ဒီဆုိင္ေလးမွာေတာ့ ထိုင္းႏိုင္ငံ ေျမာက္ပိုင္း အစားအစာ ေတြ စံုစံုလင္လင္ ရရိွပါတယ္။ အရသာရိွတဲ့ ထိိုင္းရိုးရာ Street Food ေတြကို အေျခခံျပီး ဆန္းသစ္ဖန္တီးထားတဲ့ မီႏူးအသစ္ေတြကို လည္း စိတ္ဝင္စားဖြယ္ ေတြ႔ရမွာပါ။
ေသာၾကာ၊ စေန ညေနတိုင္းမွာလည္း Cocktail Cart အစီအစဥ္ရိွပါတယ္။ ဆိုင္ေရွ႕ လမ္းေဘးမွာ Cocktail Cart ေလးထားရိွျပီး Cocktail ၊ ဝိုင္၊ ဘီယာ တစ္ခုခု ေသာက္ရင္း ထိုင္း Street Food ေတြျဖစ္တဲ့ ဆာေတး၊ ထိုင္းစတိုင္ ဝက္အူေခ်ာင္း၊ ဝက္ဂုတ္သားကင္သုပ္ နဲ႔ တအျခား သန္႔ရွင္းလတ္ဆတ္တဲ့ Thai Street Food မ်ိဳးစံုတို႔ကို စားသံုးႏုိင္မွာ ျဖစ္ပါတယ္။
ေစ်းအနည္းငယ္မ်ားေပမယ့္ သန္႔ရွင္းလတ္ဆတ္ျပီး အရသာရိွတာမို႔ Dinner ေကာင္းေကာင္းစားခ်င္သူေတြ ျဖစ္ျဖစ္၊ အျမည္းေကာင္းေကာင္းနဲ႔ ဘီယာေသာက္ခ်င္သူေတြ အတြက္ တကယ္ အဆင္ေျပပါတယ္။
ဆိုင္လိပ္စာက - အမွတ္-၁၁၆-၁၁၈၊ ဘိုကေလးေစ်းလမ္း (အလယ္ဘေလာက္)
ဗိုလ္တေထာင္ျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕။
ဖုန္း - ၀၉ ၇၆၆ ၉၈၆ ၉၄၅၊ ၀၉ ၄၂၃ ၄၀၆ ၁၂၄
ဆိုင္ဖြင့္ခ်ိန္ - 11:00 AM – 11:00 PM
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
(Unicode)
ထိုင်းရိုးရာ အစားအစာတွေစုံလင်တဲ့ Tuk Tuk Thai Café
အစားတစ်လိုင်းတို့ရေ…
ရန်ကုန်မြို့က ထူးခြားတဲ့ စားသောက်ဆိုင်လေး တစ်ခု အကြောင်း သတင်းပေးချင်ပါတယ်နော်….ဘိုကလေးစျေးလမ်း အလယ်ဘလောက်မှာဖွင့်ထားပြီး နာမည်က Tuk Tuk Thai Café လို့ခေါ်တယ်။ အရင်က Mexican အစားအစာတွေရတဲ့ Tin Tin Restaurant ကနေ Tuk Tuk Thai Café လို့ ပြောင်းဖွင့် လိုက်တာပါ။
ဒီဆိုင်လေးမှာတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း အစားအစာ တွေ စုံစုံလင်လင် ရရှိပါတယ်။ အရသာရှိတဲ့ ထိိုင်းရိုးရာ Street Food တွေကို အခြေခံပြီး ဆန်းသစ်ဖန်တီးထားတဲ့ မီနူးအသစ်တွေကို လည်း စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။
သောကြာ၊ စနေ ညနေတိုင်းမှာလည်း Cocktail Cart အစီအစဉ်ရှိပါတယ်။ ဆိုင်ရှေ့ လမ်းဘေးမှာ Cocktail Cart လေးထားရှိပြီး Cocktail ၊ ဝိုင်၊ ဘီယာ တစ်ခုခု သောက်ရင်း ထိုင်း Street Food တွေဖြစ်တဲ့ ဆာတေး၊ ထိုင်းစတိုင် ဝက်အူချောင်း၊ ဝက်ဂုတ်သားကင်သုပ် နဲ့ တအခြား သန့်ရှင်းလတ်ဆတ်တဲ့ Thai Street Food မျိုးစုံတို့ကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။
စျေးအနည်းငယ်များပေမယ့် သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတာမို့ Dinner ကောင်းကောင်းစားချင်သူတွေ ဖြစ်ဖြစ်၊ အမြည်းကောင်းကောင်းနဲ့ ဘီယာသောက်ချင်သူတွေ အတွက် တကယ် အဆင်ပြေပါတယ်။
ဆိုင်လိပ်စာက - အမှတ်-၁၁၆-၁၁၈၊ ဘိုကလေးစျေးလမ်း (အလယ်ဘလောက်)
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ရ၆၆ ၉၈၆ ၉၄၅၊ ၀၉ ၄၂၃ ၄၀၆ ၁၂၄
ဆိုင်ဖွင့်ချိန် - 11:00 AM – 11:00 PM
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #tuktuk #thaicafe #Yankin #Yangon #Myanmar #streetfood #Bogalayzay #food

Friday, October 20, 2017

“မႏၱေလးအရသာစစ္စစ္စားခ်င္သူေတြအတြက္ ရန္ကင္းက နန္းေတာ္ေရွ႕ မႏၱေလးမုန္႔တီ၊ၿမီးရွည္”


“မႏၱေလးအရသာစစ္စစ္စားခ်င္သူေတြအတြက္
ရန္ကင္းက နန္းေတာ္ေရွ႕ မႏၱေလးမုန္႔တီ၊ၿမီးရွည္”

အခုတေလာ ရန္ကင္းမွာ မႏၱေလးလက္ရာ မုန္႔တီဆိုင္ေတြ နာမည္ႀကီးေနတယ္ဆိုလို႔
နာမည္ႀကီးဆိုင္တစ္ခုျဖစ္တဲ့ နန္းေတာ္ေရွ႕ကို အက္မင္တို႔ သြားစားျဖစ္ခဲ့ၾကတယ္…
ဆိုင္က နာမည္ႀကီး သလို နန္းၾကီးဖက္ႀကီးေတြကလည္း အေတာ္ၾကီးသကိုးဗ်…
မႏၱေလးမုန္႔တီဆိုတာကို မသိသူေတြကေတာ့ ထင္မွာပဲ…
မုန္႔တီဆိုရင္ အရည္ေကာ အဖက္ေကာ တဲြဖက္စားရတာလားလို႔..
တကယ္ေတာ့ မႏၱေလးမုန္႔တီဆိုတာ နန္းႀကီး/နန္းလတ္သုပ္ပါပဲဗ်
(ဒါေလးကေတာ့ မသိသူေတြြကို သက္သက္ေျပာျပတာေနာ္ :D )
အက္မင္တို႔ နန္းေတာ္ေရွ႕ကိုေရာက္ေတာ့ ဦးဆံုး မွာလိုက္ၾကတာဗ်…
မႏၱေလးမုန္႔တီ (နန္းႀကီး)၊ မႏၱေလးမုန္႔တီ (နန္းလတ္)၊ ၿမီးရွည္တို႔ေပါ့ဗ်ာ…
မုန္႔ပဲြေတြ သုပ္နယ္ေနခ်ိန္ ဗိုက္အဆာေျပေအာင္လို႔ တို႔ဟူးေၾကာ္ ပူပူေလးနဲ႔
အမဲအေၾကာသုပ္ အိအိထုတ္ထုတ္ေလးကိုလည္း အဆာေျပဆဲြထားႏွင့္တယ္ဗ်…
နန္းေတာ္ေရွ႕ရဲ႕ မႏၱေလးမုန္႔တီလက္ရာေတြက ေျပာစရာမလိုေအာင္ အထူးေကာင္းမြန္သလို
အခ်ိဳမႈန္႔/ဓါတုေဆး၀ါးေတြ မပါ၀င္တဲ့အျပင္ ပဲဆီသန္႔နဲ႔လုပ္ၿပီး ပါ၀င္ပစၥည္းေတြကိုလည္း
မႏၱေလးကေန Export Quality ပစၥည္းသန္႔ေတြ မွာယူထားတာလို႔ သိရပါတယ္…
မုန္႔တီနဲ႔ ျမီးရွည္လက္ရာေတြက မႏၱေလးလက္ရာစစ္စစ္ဗ်.. မအီဘူး၊
စားရတာ ဆိမ့္ဆိမ့္ေလးနဲ႔ အရသာရိွတယ္…
ဟင္းခ်ိဳကို ၾကက္သား၊ ဝက္သား သပ္သပ္စီ ခြဲထားေပးတာမို႔ ဝက္မစားတဲ့ သူေတြအတြက္ အဆင္ေျပတာေပါ့...မုန္႔တီဟင္းရည္အတြက္က ပိတ္စြယ္ပါ၀င္ၿပီး၊ ျမီးရွည္ဟင္းရည္အတြက္ကေတာ့
ပဲငပိ ၾကက္သြန္ျဖဴ တရုတ္နံနံပင္ တို႔နဲ႔လုပ္ထားတဲ့ အနွစ္ေလးကိုထည့္ ခ်က္ထားတယ္လို႔ သိရပါတယ္။
မုန္႔ပဲြေတြ စားၿပီး အခ်ိဳတည္း ေသာက္တဲ့ ေကာ္ဖီေလးေတြလည္း ေသာက္လို႔ေကာင္းတယ္ဗ်…
ေကာ္ဖီေတြကလည္း တစ္ခြက္မွ ၅၀၀တည္းရယ္..
နန္းေတာ္ေရွ႕မွာ မႏၱေလးမုန္႔တီ (နန္းႀကီး)၊ မႏၱေလးမုန္႔တီ (နန္းလတ္)၊ ၿမီးရွည္၊
အမဲအေၾကာသုပ္၊ ငါးဖယ္သုပ္၊ တို႔ဟူးေၾကာ္၊ ေကာ္ဖီတို႔ရရိွပါတယ္ဗ်…
ဆိုင္မွာထိုင္မစားဘဲ ပါဆယ္၀ယ္သြားမယ္ဆိုရင္လည္း ေဖာ့ဘူးေလးထဲမွာ၊ ဆီဗူးေလးေတြ၊ မုန္႔ဖက္ေလးေတြ၊ အသားဖက္ေလးေတြနဲ႔ တန္ဆာပလာေလးေတြကို သပ္သပ္ရပ္ရပ္ေလး ျပင္ဆင္ေပးထားတာက တကယ္ကို သေဘာက်စရာပါဗ်ာ...
**
အစားတစ္လိုင္းတို႔ ထံုးစံအတိုင္း ပံုေလးေတြ တစ္ပံုခ်င္းစီေအာက္မွာလည္း
ေစ်းႏႈန္းနဲ႔ Caption ေလးေတြ ေရးထားေပးတယ္ေနာ္…
ဆိုင္လိပ္စာ - အမွတ္(၂၃၀/၃)၊ ရန္ၿငိမ္းလမ္းသြယ္(၂)၊ ရန္ကင္း။
(ရန္ကင္းကေလးေဆးရံု ထြက္ေပါက္ေရွ႕ တစ္ဖက္ျခမ္းလမ္းမွတည့္တည့္၀င္ရန္။)
ဖုန္းနံပါတ္ - ၀၉-၉၇၉၉၁၇၀၈၁၊ ၀၉-၄၅၅၂၁၁၀၁၆
ဆိုင္ဖြင့္ခ်ိန္ - နံနက္ ၅း၃၀ မွ ၁၂း၃၀ အထိ
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
(Unicode)
“မန္တလေးအရသာစစ်စစ်စားချင်သူတွေအတွက်
ရန်ကင်းက နန်းတော်ရှေ့ မန္တလေးမုန့်တီ၊မြီးရှည်”
အခုတလော ရန်ကင်းမှာ မန္တလေးလက်ရာ မုန့်တီဆိုင်တွေ နာမည်ကြီးနေတယ်ဆိုလို့
နာမည်ကြီးဆိုင်တစ်ခုဖြစ်တဲ့ နန်းတော်ရှေ့ကို အက်မင်တို့ သွားစားဖြစ်ခဲ့ကြတယ်…
ဆိုင်က နာမည်ကြီး သလို နန်းကြီးဖက်ကြီးတွေကလည်း အတော်ကြီးသကိုးဗျ…
မန္တလေးမုန့်တီဆိုတာကို မသိသူတွေကတော့ ထင်မှာပဲ…
မုန့်တီဆိုရင် အရည်ကော အဖက်ကော တွဲဖက်စားရတာလားလို့..
တကယ်တော့ မန္တလေးမုန့်တီဆိုတာ နန်းကြီး/နန်းလတ်သုပ်ပါပဲဗျ
(ဒါလေးကတော့ မသိသူတွွေကို သက်သက်ပြောပြတာနော် :D )
အက်မင်တို့ နန်းတော်ရှေ့ကိုရောက်တော့ ဦးဆုံး မှာလိုက်ကြတာဗျ…
မန္တလေးမုန့်တီ (နန်းကြီး)၊ မန္တလေးမုန့်တီ (နန်းလတ်)၊ မြီးရှည်တို့ပေါ့ဗျာ…
မုန့်ပွဲတွေ သုပ်နယ်နေချိန် ဗိုက်အဆာပြေအောင်လို့ တို့ဟူးကြော် ပူပူလေးနဲ့
အမဲအကြောသုပ် အိအိထုတ်ထုတ်လေးကိုလည်း အဆာပြေဆွဲထားနှင့်တယ်ဗျ…
နန်းတော်ရှေ့ရဲ့ မန္တလေးမုန့်တီလက်ရာတွေက ပြောစရာမလိုအောင် အထူးကောင်းမွန်သလို
အချိုမှုန့်/ဓါတုဆေးဝါးတွေ မပါ၀င်တဲ့အပြင် ပဲဆီသန့်နဲ့လုပ်ပြီး ပါ၀င်ပစ္စည်းတွေကိုလည်း
မန္တလေးကနေ Export Quality ပစ္စည်းသန့်တွေ မှာယူထားတာလို့ သိရပါတယ်…
မုန့်တီနဲ့ မြီးရှည်လက်ရာတွေက မန္တလေးလက်ရာစစ်စစ်ဗျ.. မအီဘူး၊
စားရတာ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတယ်…
ဟင်းချိုကို ကြက်သား၊ ဝက်သား သပ်သပ်စီ ခွဲထားပေးတာမို့ ဝက်မစားတဲ့ သူတွေအတွက် အဆင်ပြေတာပေါ့...မုန့်တီဟင်းရည်အတွက်က ပိတ်စွယ်ပါ၀င်ပြီး၊ မြီးရှည်ဟင်းရည်အတွက်ကတော့
ပဲငပိ ကြက်သွန်ဖြူ တရုတ်နံနံပင် တို့နဲ့လုပ်ထားတဲ့ အနှစ်လေးကိုထည့် ချက်ထားတယ်လို့ သိရပါတယ်။
မုန့်ပွဲတွေ စားပြီး အချိုတည်း သောက်တဲ့ ကော်ဖီလေးတွေလည်း သောက်လို့ကောင်းတယ်ဗျ…
ကော်ဖီတွေကလည်း တစ်ခွက်မှ ၅၀၀တည်းရယ်..
နန်းတော်ရှေ့မှာ မန္တလေးမုန့်တီ (နန်းကြီး)၊ မန္တလေးမုန့်တီ (နန်းလတ်)၊ မြီးရှည်၊
အမဲအကြောသုပ်၊ ငါးဖယ်သုပ်၊ တို့ဟူးကြော်၊ ကော်ဖီတို့ရရှိပါတယ်ဗျ…
ဆိုင်မှာထိုင်မစားဘဲ ပါဆယ်ဝယ်သွားမယ်ဆိုရင်လည်း ဖော့ဘူးလေးထဲမှာ၊ ဆီဗူးလေးတွေ၊ မုန့်ဖက်လေးတွေ၊ အသားဖက်လေးတွေနဲ့ တန်ဆာပလာလေးတွေကို သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ပေးထားတာက တကယ်ကို သဘောကျစရာပါဗျာ...
**
အစားတစ်လိုင်းတို့ ထုံးစံအတိုင်း ပုံလေးတွေ တစ်ပုံချင်းစီအောက်မှာလည်း
စျေးနှုန်းနဲ့ Caption လေးတွေ ရေးထားပေးတယ်နော်…
ဆိုင်လိပ်စာ - အမှတ်(၂၃၀/၃)၊ ရန်ငြိမ်းလမ်းသွယ်(၂)၊ ရန်ကင်း။
(ရန်ကင်းကလေးဆေးရုံ ထွက်ပေါက်ရှေ့ တစ်ဖက်ခြမ်းလမ်းမှတည့်တည့်ဝင်ရန်။)
ဖုန်းနံပါတ် - ၀၉-၉၇၉၉၁၇၀၈၁၊ ၀၉-၄၅၅၂၁၁၀၁၆
ဆိုင်ဖွင့်ချိန် - နံနက် ၅း၃၀ မှ ၁၂း၃၀ အထိ
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Nantawshae #Yankin #Yangon #Myanmar #MandalayFood #MoteTi #MyeeShay #အစားတစ်လိုင်း #မန္တလေးမုန့်တီ #မြီးရှည် #ရန်ကင်း
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Friday, October 13, 2017

Amazing!!! တကယ္တန္တဲ့ Seafood ေတြရတဲ့ Green House


အစားတစ္လိုင္းတို႔ေရ…
ဒီတစ္ပါတ္ေတာ့ Seafood နဲ႕ရခိုင္အစားအစာေတြကို တစ္ေနရာထဲမွာ ေစ်းသက္သာျပီး စံုလင္စြာ ရႏို္င္တဲ့ Green House ဆိုတဲ့ဆိုင္ကို ေျခဆန္႔ခဲ့ၾကတယ္။ လူေတာ္ေတာ္မ်ားမ်ားက Seafood လို႔ၾကားလိုက္တာနဲ႔ ေစ်းၾကီးတယ္လို႔ ထင္တတ္ၾကတယ္။ ဒါေပမယ့္ က်ေနာ္တို႔ Green House ကိုေရာက္သြားေတာ့ အဲဒီ ထင္ျမင္ခ်က္ဟာ တက္တက္စင္ေအာင္လြဲခဲ့တယ္။
ဂဏန္းၾကီး ခုႏွစ္ေကာင္ ရွစ္ေကာင္ေလာက္ပါတဲ့ ဟင္းပဲြတစ္ပဲြကိုမွ ၇၀၀၀၊ ကင္းပုဇြန္ပါတဲ့ ပင္လယ္စာဟင္းေပါင္းကို ၇၀၀၀၊ ေက်ာက္ပုဇြန္ရခိုင္ခ်က္တစ္ပြဲကို ၇၀၀၀ ဆိုေတာ့ စြန္းတန္တာေပါ့ဗ်ာ။ ဂဏန္းေတြကလည္း လတ္လတ္ဆတ္ဆတ္နဲ႔ အေကာင္ၾကီးၾကီး အသားျပည့္ျပည့္ေတြပဲ။ ငါးသံပုရာ၊ ငါးဆားငံသီး၊ ျပည္ၾကီးငါး နဲု႔ ပင္လယ္စာေတြလည္းစံုစံုလင္လင္ ရိွပါတယ္။ ထမင္းသုပ္၊ လက္ဖက္သုပ္၊ ဂ်င္းသုပ္တို႔ကို လည္း ၁၀၀၀ ပတ္ဝန္းက်င္နဲ႔ စားႏိုင္ပါတယ္။ ေသာက္စရာအေနနဲ႔ကေတာ့ အသီးေဖ်ာ္ရည္နဲ႔ အေအးမ်ိဳးစံုလည္း ရပါေသးတယ္ဗ်။
အရသာလည္းအလြန္ေကာင္းမြန္ျပီး အစားအေသာက္ေတြကလည္း သန္႔ရွင္းလတ္ဆတ္လွပါတယ္။ ဝန္ေဆာင္မႈကလည္း ေျပာစရာမလိုေအာင္ သေဘာေကာင္းၾကတာ။
ဒီဆိုင္က တကယ္လတ္ဆတ္တဲ့ ဂဏန္း၊ ေက်ာက္ပုဇြန္၊ ျပည္ၾကီးငါးစတဲ့ပင္လယ္ေတြကို ရခိုင္ကေန တိုက္ရိုက္မွာတယ္လို႔သိရတယ္။ ေျမာက္ဥကၠလာ ျမိဳ႕နယ္အတြင္း (၁၀၀၀၀ ေက်ာ္ဖိုး) ဆိုရင္ Free Delivery ပို႔ေပးေသးပါတယ္။ တျခားေနရာေတြ အတြက္ေတာ့ ပို႔ခေပးရပါမယ္။
ပံုေလးေတြေအာက္မွာ ေစ်းႏႈန္းေလးေတြလည္း ထည့္ေပးထားတယ္ေနာ့ ...
ဆိုင္လိပ္စာကေတာ့ ေျမာက္ဥကၠလာပ ‘စ်’ ေစ်းအနီး ေမဓါဝီလမ္းမၾကီးေပၚမွာရိွပါတယ္။
ေစ်းလမ္းဆံုကေနဆိုရင္ ေမဓါဝီေဆးရံုဘက္ကို နည္းနည္းေလာက္သြားလိုက္ရင္ေရာက္ပါတယ္။
ဆိုင္ဖြင့္ခ်ိန္ : မနက္ ၇ နာရီမွ ည ၁၀ နာရီ

Instagram : www.instagram.com/asartaline
Website : www.asartaline.blogspot.com
Email : asartaline.foodreview@gmail.com

(Unicode)
Amazing!!! တကယ်တန်တဲ့ Seafood တွေရတဲ့ Green House
အစားတစ်လိုင်းတို့ရေ…
ဒီတစ်ပါတ်တော့ Seafood နဲ့ရခိုင်အစားအစာတွေကို တစ်နေရာထဲမှာ စျေးသက်သာပြီး စုံလင်စွာ ရနို်င်တဲ့ Green House ဆိုတဲ့ဆိုင်ကို ခြေဆန့်ခဲ့ကြတယ်။ လူတော်တော်များများက Seafood လို့ကြားလိုက်တာနဲ့ စျေးကြီးတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ကျနော်တို့ Green House ကိုရောက်သွားတော့ အဲဒီ ထင်မြင်ချက်ဟာ တက်တက်စင်အောင်လွဲခဲ့တယ်။
ဂဏန်းကြီး ခုနှစ်ကောင် ရှစ်ကောင်လောက်ပါတဲ့ ဟင်းပွဲတစ်ပွဲကိုမှ ၇၀၀၀၊ ကင်းပုဇွန်ပါတဲ့ ပင်လယ်စာဟင်းပေါင်းကို ၇၀၀၀၊ ကျောက်ပုဇွန်ရခိုင်ချက်တစ်ပွဲကို ၇၀၀၀ ဆိုတော့ စွန်းတန်တာပေါ့ဗျာ။ ဂဏန်းတွေကလည်း လတ်လတ်ဆတ်ဆတ်နဲ့ အကောင်ကြီးကြီး အသားပြည့်ပြည့်တွေပဲ။ ငါးသံပုရာ၊ ငါးဆားငံသီး၊ ပြည်ကြီးငါး နဲု့ ပင်လယ်စာတွေလည်းစုံစုံလင်လင် ရှိပါတယ်။ ထမင်းသုပ်၊ လက်ဖက်သုပ်၊ ဂျင်းသုပ်တို့ကို လည်း ၁၀၀၀ ပတ်ဝန်းကျင်နဲ့ စားနိုင်ပါတယ်။ သောက်စရာအနေနဲ့ကတော့ အသီးဖျော်ရည်နဲ့ အအေးမျိုးစုံလည်း ရပါသေးတယ်ဗျ။
အရသာလည်းအလွန်ကောင်းမွန်ပြီး အစားအသောက်တွေကလည်း သန့်ရှင်းလတ်ဆတ်လှပါတယ်။ ဝန်ဆောင်မှုကလည်း ပြောစရာမလိုအောင် သဘောကောင်းကြတာ။
ဒီဆိုင်က တကယ်လတ်ဆတ်တဲ့ ဂဏန်း၊ ကျောက်ပုဇွန်၊ ပြည်ကြီးငါးစတဲ့ပင်လယ်တွေကို ရခိုင်ကနေ တိုက်ရိုက်မှာတယ်လို့သိရတယ်။ မြောက်ဥက္ကလာ မြို့နယ်အတွင်း (၁၀၀၀၀ ကျော်ဖိုး) ဆိုရင် Free Delivery ပို့ပေးသေးပါတယ်။ တခြားနေရာတွေ အတွက်တော့ ပို့ခပေးရပါမယ်။
ပုံလေးတွေအောက်မှာ စျေးနှုန်းလေးတွေလည်း ထည့်ပေးထားတယ်နော့ ..
ဆိုင်လိပ်စာကတော့ မြောက်ဥက္ကလာပ ‘စျ’ စျေးအနီး မေဓါဝီလမ်းမကြီးပေါ်မှာရှိပါတယ်။
စျေးလမ်းဆုံကနေဆိုရင် မေဓါဝီဆေးရုံဘက်ကို နည်းနည်းလောက်သွားလိုက်ရင်ရောက်ပါတယ်။
ဆိုင်ဖွင့်ချိန် : မနက် ၇ နာရီမှ ည ၁၀ နာရီ
#AsarTaLine #အစားတစ်လိုင်း #FoodReview #FoodLover #SeaFood #SpicyFood #ရခိုင်အစားအစာ #Delicous #Yummy #GreenHouse #Myanmar
Facebook : www.facebook.com/AsarTaLine
Instagram : www.instagram.com/asartaline
Website : www.asartaline.blogspot.com
Email : asartaline.foodreview@gmail.com

စမ္းေခ်ာင္းထဲက နာမည္ၾကီး ေကြ႕တီယို



စမ္းေခ်ာင္းထဲက နာမည္ၾကီး ေကြ႕တီယို
စမ္းေခ်ာင္းက ဆိုင္ေကာင္း​ေ​ကာင္း​​ေလးေ​တြ ေရးပါဦး လို႔
ေျပာေနၾကတဲ့ အစားတစ္လိုင္းတို႔ အတြက္ နာမည္ၾကီး
ေကြ႔တီယိုဆိုင္ေလးအေၾကာင္းေျပာျပရဦးမယ္… :-)
အခုတေလာ စမ္းေခ်ာင္းမွာ ဆိုင္အသစ္ေတြ အမ်ားၾကီးဖြင့္လာတာ ေတြ႔ရတယ္...
ဒါေပမယ့္ ဒီဆိုင္ေလးကေတာ့ ဟိုးအရင္ကတည္းက စားေကာငး္လို႔ နာမည္ႀကီး လူသိမ်ားၿပီးသားေလးေပါ့…
အဲ့ဆိုင္မွာ အက္မင္တို႔ၾကိဳက္တာေတြကေတာ့ ေကြ႔တီယို၊ ယိုးဒယားသေဘၤာသီးေထာင္း၊ ၾကက္ေျခေထာက္ခ်ဥ္စပ္၊ တို႔ဟူးေၾကာ္၊ ဘဲဥေပါင္း.. တျခားဟာေတြေတာ့ မစားၾကည့္ရေသးဘူးရယ္။ ဒီဆိုင္ေလးရဲ႕ ေကြ႔တီယို အရသာက ထိုင္းအရသာ ပူပူစပ္စပ္ေလးနဲ႔ စားလို႔ေကာင္းျပီး တို႔ဟူးေၾကာ္၊ ဘဲဥေပါင္း တို႔က အခ်ဥ္ရည္ေလးနဲ႔ ေတာ္ေတာ္လိုက္ဖက္တယ္…အက္မင္ကေတာ့ စားေနၾကမဟုတ္လို႔လားမသိ ဘဲဥေပါင္းကို အနည္းငယ္ငံတယ္လို႔ထင္တယ္၊ သူငယ္ခ်င္းေတြကေတာ့ ၾကိဳက္ၾကတယ္။ ေသာက္စရာအေနနဲ႔ အသီးေဖ်ာ္ရည္ေတြလည္း မ်ိဳးစံုရပါတယ္...ျပီးေတာ့ ဒီဆိုင္ေလးမွာ ဆန္ျပဳတ္လည္းရေသးတယ္ဗ်...
ဆိုင္နာမည္က မစၥတာထံုခ်ိဳင္း တဲ့…
အိမ္ဆိုင္ေလးဆိုေတာ့ အျပင္အဆင္ကေတာ့ ဒီဇိုင္း ဘာညာ ကာလာ အေနအထား သိပ္မရိၽြင္းထားဘူးဗ်..
ဒါေပမယ့္ အရသာကေတာ့ ရွယ္ေကာင္းတယ္… ညေနေမွာင္ရီပ်ိဳးရင္ ျခင္ေလးဆဲြတာေတာ့ ရိွတာေပါ့ဗ်ာ… :D :D
စမ္းေခ်ာင္း Spirit ေဘးလမ္း (ပဒုမၼာလမ္း) ကေနဝင္ျပီး ခ်စ္တီးစားေသာက္ဆိုင္ေရွ႕ေရာက္ရင္ ပထမဆံုးေတြ႕ရတဲ့ လမ္းၾကားေလး (မဂၤလာလမ္း) ထဲ ခ်ိဳးတာနဲ႔ ညာဘက္မွာ ေတြ႕ရမယ္ခင္ဗ်… ;) မ်က္ႏွာခ်င္းဆိုင္မွာ Simple ဆိုတဲ့ ဆိုင္ေလးရိွတယ္...
အစားတစ္လိုင္းတို႔ ထံုးစံအတိုင္း ပံုေလးေတြ တစ္ပံုခ်င္းစီေအာက္မွာလည္း ေစ်းႏႈန္း ေလးေတြ ေရးေပးထားတယ္ေနာ္… ;)
ဆိုင္လိပ္စာ - မစၥတာထံုခ်ိဳင္းေကြ႔တီယို၊ ပဒုမၼာလမ္းမ၊ မဂၤလာလမ္းၾကား၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရန္ကုန္။
ဆိုင္ဖြင့္ခ်ိန္ - မနက္ (၉) - ည (၉)
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
Unicode
စမ်းချောင်းထဲက နာမည်ကြီး ကွေ့တီယို
စမ်းချောင်းက ဆိုင်ကောငး်ကောငး်လေးတွေ ရေးပါဦး လို့
ပြောနေကြတဲ့ အစားတစ်လိုင်းတို့ အတွက် နာမည်ကြီး
ကွေ့တီယိုဆိုင်လေးအကြောင်းပြောပြရဦးမယ်… :-)
အခုတလော စမ်းချောင်းမှာ ဆိုင်အသစ်တွေ အများကြီးဖွင့်လာတာ တွေ့ရတယ်...
ဒါပေမယ့် ဒီဆိုင်လေးကတော့ ဟိုးအရင်ကတည်းက စားကောငး်လို့ နာမည်ကြီး လူသိများပြီးသားလေးပေါ့…
အဲ့ဆိုင်မှာ အက်မင်တို့ကြိုက်တာတွေကတော့ ကွေ့တီယို၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ကြက်ခြေထောက်ချဉ်စပ်၊ တို့ဟူးကြော်၊ ဘဲဥပေါင်း.. တခြားဟာတွေတော့ မစားကြည့်ရသေးဘူးရယ်။ ဒီဆိုင်လေးရဲ့ ကွေ့တီယို အရသာက ထိုင်းအရသာ ပူပူစပ်စပ်လေးနဲ့ စားလို့ကောင်းပြီး တို့ဟူးကြော်၊ ဘဲဥပေါင်း တို့က အချဉ်ရည်လေးနဲ့ တော်တော်လိုက်ဖက်တယ်…အက်မင်ကတော့ စားနေကြမဟုတ်လို့လားမသိ ဘဲဥပေါင်းကို အနည်းငယ်ငံတယ်လို့ထင်တယ်၊ သူငယ်ချင်းတွေကတော့ ကြိုက်ကြတယ်။ သောက်စရာအနေနဲ့ အသီးဖျော်ရည်တွေလည်း မျိုးစုံရပါတယ်...ပြီးတော့ ဒီဆိုင်လေးမှာ ဆန်ပြုတ်လည်းရသေးတယ်ဗျ...
ဆိုင်နာမည်က မစ္စတာထုံချိုင်း တဲ့…
အိမ်ဆိုင်လေးဆိုတော့ အပြင်အဆင်ကတော့ ဒီဇိုင်း ဘာညာ ကာလာ အနေအထား သိပ်မရျွိင်းထားဘူးဗျ..
ဒါပေမယ့် အရသာကတော့ ရှယ်ကောင်းတယ်… ညနေမှောင်ရီပျိုးရင် ခြင်လေးဆွဲတာတော့ ရှိတာပေါ့ဗျာ… :D :D
စမ်းချောင်း Spirit ဘေးလမ်း (ပဒုမ္မာလမ်း) ကနေဝင်ပြီး ချစ်တီးစားသောက်ဆိုင်ရှေ့ရောက်ရင် ပထမဆုံးတွေ့ရတဲ့ လမ်းကြားလေး (မင်္ဂလာလမ်း) ထဲ ချိုးတာနဲ့ ညာဘက်မှာ တွေ့ရမယ်ခင်ဗျ… ;) မျက်နှာချင်းဆိုင်မှာ Simple ဆိုတဲ့ ဆိုင်လေးရှိတယ်...
အစားတစ်လိုင်းတို့ ထုံးစံအတိုင်း ပုံလေးတွေ တစ်ပုံချင်းစီအောက်မှာလည်း စျေးနှုန်း လေးတွေ ရေးပေးထားတယ်နော်… ;)
ဆိုင်လိပ်စာ - မစ္စတာထုံချိုင်းကွေ့တီယို၊ ပဒုမ္မာလမ်းမ၊ မင်္ဂလာလမ်းကြား၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဆိုင်ဖွင့်ချိန် - မနက် (၉) - ည (၉)
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#Tomyum #Noodle #Tofu #တံုယမ္း #ေကြ႔တီယို #တို႔ဟူး #စမ္းေခ်ာင္း
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Wednesday, October 4, 2017

Shopping ထြက္ရင္း ဗိုက္ဆာတဲ့အခါ ဆဲြလို႔ေကာင္းတဲ့ ထိုင္းအရသာ Love Boat ေခါက္ဆဲြ


Shopping ထြက္ရင္း ဗိုက္ဆာတဲ့အခါ ဆဲြလို႔ေကာင္းတဲ့ ထိုင္းအရသာ Love Boat ေခါက္ဆဲြ
Thai Boat Noodle Beef ထိုင္းစတိုင္အမဲသားေခါက္ဆြဲ
ထိုင္းစတိုင္ဆိုတဲ့အတိုင္း အရသာ စပ္စပ္ျပဲျပဲ အမဲေခါက္ဆြဲေလးပါ…
ၿပီးေတာ့ သူက ဒီဆိုင္ရဲ႕ Signature ေခါက္ဆြဲေလးလည္း ျဖစ္တာေပါ့...
အရသာက ေကြ႕တီယိုလုိ ပံုစံမ်ိဳးပါပဲ… သူ႔ကို အမဲသားနဲ႕တဲြဖက္စားရတာ
တကယ္ကို လိုက္ဖက္ပါတယ္… အရည္ေရာ၊ အဖတ္ေရာ ႏွစ္မ်ိဳးစလံုး
စားလို႔ရၿပီး… ထိုင္ပင္စိမ္း အန႔ံသင္းသင္းေလးနဲ႔ ေမႊးေနတာပဲဗ်… အမဲသား
အရသာကလည္း ႏူးညံ့ျပီး စားလို႔ေကာင္းတယ္၊ ဆန္စီး၊ ဆန္ျပား ၾကိဳက္တာ
ေရြးလုိ႔ရတယ္၊ အက္မင္ေတာ့ အျပားၾကိဳက္ေတာ့ ေခါက္ဆြဲအျပားနဲ႔စားျဖစ္တယ္…. ;)
Tom Yum Minced Pork Noodle
တံုယမ္းေခါက္ဆြဲ ကို ဝက္စဥ္းေကာနဲ႔ ဆိုေတာ့ ေတာ္ေတ္ာေလးကို စားေကာင္းတယ္ဗ်...
အရသာကေတာ့ ခ်ဥ္ခ်ဥ္စပ္စပ္ေလးနဲ႔ အက္မင္ထိုင္းမွာစားခဲ့တဲ့ အရသာေလးအတိုင္းပါပဲ...
ဝက္သားေလးေတြကို ႏုတ္ႏုတ္စဥ္း ထားေတာ့ အသားက စားလိုက္တာနဲ႔ ေပ်ာ္ဝင္သြား
တာမ်ိဳးဗ်ာ… အစပ္ၾကိဳက္တဲ့ သူဆိုရင္ေတာ့ အစပ္ေတြထပ္ထည့္လို႔ရေအာင္
ခ်ဥ္ ငန္ စပ္ အႏွစ္ေတြကိုလည္း ခ်ထားေပးပါတယ္...
Ice Green Tea လက္ဖက္ရည္စိမ္းေအး အခ်ိဳရည္ေလးရဲ႕ အရသာေလးက ခ်ိဳခ်ိဳစိမ့္စိမ့္ေလးနဲ႔ ေတာ္ေတာ္ေကာင္းတယ္… အခ်ိဳသိပ္ မၾကိဳက္ရင္ေတာ့ အခ်ိဳေလ်ာ့ေပးမယ္ေျပာပါတယ္...
Blue Ocean ေလးကလည္း ေသာက္လိုက္တာနဲ႔ ပင္လယ္ျပာေလးထဲေရာက္သြားသလို ရင္ထဲကို ေအးျမသြားတာမ်ား So good ဗ်ာ… ;)
Tom Yum Pork Rib ၀က္နံရိုးတံုယမ္းေခါက္ဆဲြ
ငါးဖယ္လံုးေလးေတြရယ္၊ ၀က္နံရိုးေလးေတြရယ္၊ ၾကက္ဥရယ္၊ ဖက္ထုပ္ေၾကာ္ေလးရယ္၊
ဆလတ္ရြက္ေလးရယ္၊ ၾကက္သြန္မိတ္ဖတ္ေလးေတြရယ္၊ ၾကက္သြန္ေၾကာ္ေလးေတြရယ္
နဲ႔ စံုုစံုလင္လင္ေလး စားခ်င္စားဖြယ္ ျပင္ဆင္ေပးထားတာဗ်… လွ်ာေပၚတင္ အရသာ
မခံစားရခင္မွာပဲ အျပင္အဆင္ေလးနဲ႔တင္ သေဘာက်ႏွစ္ၿခိဳက္မိတာ အမွန္ဗ်ာ… ဆန္စီးဖတ္ေလးေတြကလည္း ေပ်ာ့ေပ်ာ့အိအိနဲ႔ စားလို႔ သိပ္ကိုေကာင္းသလို၊
အရည္ေသာက္ေလးကလည္း ခ်ဥ္ၿပံဳးၿပံဳးေလးမို႔ အေတာ္ေလး ခံတြင္းလိုက္တယ္ဗ်ာ… ;)
အက္မင္စားဖူးသမွ် တံုယမ္းေခါက္ဆဲြေတြထဲမွာ ဒီအရသာေလးကိုေတာ့ အေတာ္ေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျဖစ္ရပါတယ္...
အခ်ိဳရည္ထဲမွာဆိုရင္ ထူးထူးျခားျခား Lovely Punch ေလးမွာေသာက္ျဖစ္တယ္…
ခ်ယ္ရီသီးအရသာေလးကို Soda ေလးနဲ႔ တဲြဖက္ေဖ်ာ္စပ္ထားတာက
အေမာလည္းေျပသလို၊ ခံတြင္းရွင္းၿပီး စိတ္ၾကည္လင္
လန္းဆန္းေစပါတယ္… :-)
**
အစားတစ္လိုင္းတို႔ ထံုးစံအတိုင္း ပံုေလးေတြ တစ္ပံုခ်င္းစီေအာက္မွာလည္း
ေစ်းႏႈန္းနဲ႔ Caption ေလးေတြ ေရးထားေပးတယ္ေနာ္…
=>> ဆိုင္ေၾကာ္ျငာလုပ္ေပးျခင္းမဟုတ္ပါ… အက္မင္တို႔
ကိုယ့္ဟာကိုယ္ စားေသာက္ခဲ့ၿပီး ႀကိဳက္ႏွစ္သက္၍
အစားအေသာက္ခ်စ္သူ အစားတစ္လိုင္းတို႔ကို အညႊန္းေရးကာ ေ၀မွ်ေပးျခင္းသာ !!!
ဆိုင္လိပ္စာ - Tamwe Ocean Super Center, Ground Floor.
ဆိုင္ခြဲ - Pyay Road , City Mart (ရွင္ေစာပုလမ္း)
ဆိုင္ဖြင့္ခ်ိန္ - 9:00AM to 9:00PM
(Unicode)
Shopping ထွက်ရင်း ဗိုက်ဆာတဲ့အခါ ဆွဲလို့ကောင်းတဲ့ ထိုင်းအရသာ Love Boat ခေါက်ဆွဲ
Thai Boat Noodle Beef ထိုင်းစတိုင်အမဲသားခေါက်ဆွဲ
ထိုင်းစတိုင်ဆိုတဲ့အတိုင်း အရသာ စပ်စပ်ပြဲပြဲ အမဲခေါက်ဆွဲလေးပါ…
ပြီးတော့ သူက ဒီဆိုင်ရဲ့ Signature ခေါက်ဆွဲလေးလည်း ဖြစ်တာပေါ့...
အရသာက ကွေ့တီယိုလို ပုံစံမျိုးပါပဲ… သူ့ကို အမဲသားနဲ့တွဲဖက်စားရတာ
တကယ်ကို လိုက်ဖက်ပါတယ်… အရည်ရော၊ အဖတ်ရော နှစ်မျိုးစလုံး
စားလို့ရပြီး… ထိုင်ပင်စိမ်း အန့ံသင်းသင်းလေးနဲ့ မွှေးနေတာပဲဗျ… အမဲသား
အရသာကလည်း နူးညံ့ပြီး စားလို့ကောင်းတယ်၊ ဆန်စီး၊ ဆန်ပြား ကြိုက်တာ
ရွေးလို့ရတယ်၊ အက်မင်တော့ အပြားကြိုက်တော့ ခေါက်ဆွဲအပြားနဲ့စားဖြစ်တယ်…. ;)
Tom Yum Minced Pork Noodle
တုံယမ်းခေါက်ဆွဲ ကို ဝက်စဉ်းကောနဲ့ ဆိုတော့ တော်တေ်ာလေးကို စားကောင်းတယ်ဗျ...
အရသာကတော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အက်မင်ထိုင်းမှာစားခဲ့တဲ့ အရသာလေးအတိုင်းပါပဲ...
ဝက်သားလေးတွေကို နုတ်နုတ်စဉ်း ထားတော့ အသားက စားလိုက်တာနဲ့ ပျော်ဝင်သွား
တာမျိုးဗျာ… အစပ်ကြိုက်တဲ့ သူဆိုရင်တော့ အစပ်တွေထပ်ထည့်လို့ရအောင်
ချဉ် ငန် စပ် အနှစ်တွေကိုလည်း ချထားပေးပါတယ်...
Ice Green Tea လက်ဖက်ရည်စိမ်းအေး အချိုရည်လေးရဲ့ အရသာလေးက ချိုချိုစိမ့်စိမ့်လေးနဲ့ တော်တော်ကောင်းတယ်… အချိုသိပ် မကြိုက်ရင်တော့ အချိုလျော့ပေးမယ်ပြောပါတယ်...
Blue Ocean လေးကလည်း သောက်လိုက်တာနဲ့ ပင်လယ်ပြာလေးထဲရောက်သွားသလို ရင်ထဲကို အေးမြသွားတာများ So good ဗျာ… ;)
Tom Yum Pork Rib ၀က်နံရိုးတုံယမ်းခေါက်ဆွဲ
ငါးဖယ်လုံးလေးတွေရယ်၊ ၀က်နံရိုးလေးတွေရယ်၊ ကြက်ဥရယ်၊ ဖက်ထုပ်ကြော်လေးရယ်၊
ဆလတ်ရွက်လေးရယ်၊ ကြက်သွန်မိတ်ဖတ်လေးတွေရယ်၊ ကြက်သွန်ကြော်လေးတွေရယ်
နဲ့ စုုံစုံလင်လင်လေး စားချင်စားဖွယ် ပြင်ဆင်ပေးထားတာဗျ… လျှာပေါ်တင် အရသာ
မခံစားရခင်မှာပဲ အပြင်အဆင်လေးနဲ့တင် သဘောကျနှစ်ခြိုက်မိတာ အမှန်ဗျာ… ဆန်စီးဖတ်လေးတွေကလည်း ပျော့ပျော့အိအိနဲ့ စားလို့ သိပ်ကိုကောင်းသလို၊
အရည်သောက်လေးကလည်း ချဉ်ပြံုးပြံုးလေးမို့ အတော်လေး ခံတွင်းလိုက်တယ်ဗျာ… ;)
အက်မင်စားဖူးသမျှ တုံယမ်းခေါက်ဆွဲတွေထဲမှာ ဒီအရသာလေးကိုတော့ အတော်လေး နှစ်နှစ်ခြိုက်ခြိုက်ဖြစ်ရပါတယ်...
အချိုရည်ထဲမှာဆိုရင် ထူးထူးခြားခြား Lovely Punch လေးမှာသောက်ဖြစ်တယ်…
ချယ်ရီသီးအရသာလေးကို Soda လေးနဲ့ တွဲဖက်ဖျော်စပ်ထားတာက
အမောလည်းပြေသလို၊ ခံတွင်းရှင်းပြီး စိတ်ကြည်လင်
လန်းဆန်းစေပါတယ်… :-)
**
အစားတစ်လိုင်းတို့ ထုံးစံအတိုင်း ပုံလေးတွေ တစ်ပုံချင်းစီအောက်မှာလည်း
စျေးနှုန်းနဲ့ Caption လေးတွေ ရေးထားပေးတယ်နော်…
=>> ဆိုင်ကြော်ငြာလုပ်ပေးခြင်းမဟုတ်ပါ… အက်မင်တို့
ကိုယ့်ဟာကိုယ် စားသောက်ခဲ့ပြီး ကြိုက်နှစ်သက်၍
အစားအသောက်ချစ်သူ အစားတစ်လိုင်းတို့ကို အညွှန်းရေးကာ ဝေမျှပေးခြင်းသာ !!!
ဆိုင်လိပ်စာ - Tamwe Ocean Super Center, Ground Floor.
ဆိုင်ခွဲ - Pyay Road , City Mart (ရှင်စောပုလမ်း)
ဆိုင်ဖွင့်ချိန် - 9:00AM to 9:00PM
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#LoveBoat #OceanShweGoneDaing #Tomyum #Noodle #Pork #Beef #အစားတစ်လိုင်း #တုံယမ်း #ခေါက်ဆွဲ #၀က်သား #အမဲသား #၀က်နံရိုး #ကွေ့တီယို
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Friday, September 29, 2017

Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလး


အစားတစ္လုိင္းတို႔ေရ...
ေဆာင္းဝင္လာျပီဆိုေတာ့ ေခါက္ဆဲြ ပူပူစပ္စပ္ေလးေတြ စားလုိ႔ရတဲ့
ဂ်ပန္ေခါက္ဆြဲဆိုင္ေလး အေၾကာင္းေျပာျပမယ္ေနာ္ …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလးပါ။
တခ်ိဳ႕က ဒီဆုိင္ကို သိၾကေပမယ့္ သူ႔ဆီက စားလို႔ေကာင္းတဲ့ အစားအေသာက္ေတြ အေၾကာင္းေတာ့ အသိနည္းၾကတယ္။
အဓိက ညႊန္းခ်င္တာကေတာ့ ပူပူစပ္စပ္ ေလးနဲ႔ အရသာထူးျခားတဲ့ Spicy Ramen ပဲျဖစ္ပါတယ္။ ပံုမွန္ဆိုရင္ Ramen လို႔ေျပာလုိက္တာနဲ႔ ခ်ိဳခ်ိဳဆိမ့္ဆိမ့္ ဂ်ပန္ေခါက္ဆြဲ အရသာမ်ိဳးလို႔ ထင္ထားတာ။ အခု Spicy Ramen ကေတာ့ ေခါက္ဆြဲသားႏူးညံ႔ျပီး အရည္ေရာအဖတ္ေရာစားလို႔ရတယ္၊ ပူပူစပ္စပ္အရသာ ရိွလို႔ လူတိုင္းအၾကိဳက္ေတြ႔ေစမွာပါ။
ေနာက္ထပ္ဟင္းပဲြတစ္ခု Katsu Don ေလးကေတာ့ ထမင္းကို ၾကက္ဥေပါင္းႏွင့္ ေရာထားျပီး ၾကက္သားေၾကာ္ ေလးန႔ဲ တဲြဖက္စားသံုးရတာပါ။ ၾကက္သားကို မုန္႔အႏွစ္နဲ႔ အၾကြပ္ေၾကာ္ ထားေတာ့ တမူထူးျခားေနတာေပါ့ေနာ္…
Kimchi Nabe Udon ကေတာ့ ေခါက္ဆြဲလံုး ၾကီးၾကီးကို Seafood၊ အသားလံုး၊ မိႈအစံုအလင္နဲ႔ ေတာ္ေတာ္ အရသာရိွလွတယ္ဗ် ။ Seafood မၾကိဳက္တဲ့သူေတြအတြက္ ၾကက္သားနဲ႔လည္း မွာစားလို႔ရပါတယ္။
Gyoza လို႔ေခၚတဲ့ ဝက္သားဖက္ထုပ္ေၾကာ္ ဆိုတာေလးလည္း ရိွပါေသးတယ္။ ထူးျခားတာက ဖက္ထုပ္ေၾကာ္ကို ဘယ္အေအးနဲ႔မဆို တြဲဖက္စားဖို႔ အတြက္ 1200 ပဲေပးရမွာပါ။ Chashu (ဝက္သားျပားေပါင္း) ကေတာ့ ႏူးႏူးအိအိ ေလးနဲ႔ စားလို႔ ေကာင္းတယ္။
ေနာက္ျပီးေတာ့ ခ်စ္စရာ Marshmallow ေလးေတြနဲ႔ျပဳလုပ္ထားတဲ့ Home-made ေရခဲမုန္႔ေလးေတြ ကေတာ့ အက္မင္တို႔ အၾကိဳက္ေပါ့။
ဒီဆုိင္ကို အစားတစ္လုိင္းက သိရတာလို႔ေျပာရင္ Discount ေပးဦးမွာေနာ္ 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) တို႔ အတြက္ 10% Discount ရမွာပါ…
Ramen Monster ရဲ႕ အစဥ္အလာမပ်က္ Ramen Challenge ဆိုတာလည္းရိွပါေသးတယ္။
Ramen ပြဲၾကီးတစ္ပြဲကို မိနစ္ႏွစ္ဆယ္ အတြင္း ကုန္ေအာင္ စားႏုိ္င္မယ္ဆိုရင္ ေနာက္တစ္ၾကိမ္စားသံုးခြင့္ ၈၅၀၀ တန္ Cupon တစ္ေစာင္ကို ရရိွမွာေနာ္..။
အခုဆိုရင္ ျမန္မာပလာဇာ Food City မွာလည္း ဆုိင္ခြဲအသစ္ေရာက္ရိွ​​​ေနပာျပီေနာ္…
ဆုိင္လိပ္စာ - Junction Mawtin ေျမညီထပ္ (KFC ေဘး)
ဆုိင္ခြဲမ်ား - Hledan Center ၊ Myanmar Plaza
ဆုိင္ဖြင့္ခ်ိန္ - 10:30AM – 9:00AM
(Unicode)
အစားတစ်လိုင်းတို့ရေ...
ဆောင်းဝင်လာပြီဆိုတော့ ခေါက်ဆွဲ ပူပူစပ်စပ်လေးတွေ စားလို့ရတဲ့
ဂျပန်ခေါက်ဆွဲဆိုင်လေး အကြောင်းပြောပြမယ်နော် …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆိုင်လေးပါ။
တချို့က ဒီဆိုင်ကို သိကြပေမယ့် သူ့ဆီက စားလို့ကောင်းတဲ့ အစားအသောက်တွေအကြောင်းတော့ အသိနည်းကြတယ်..
အဓိက ညွှန်းချင်တာကတော့ ပူပူစပ်စပ် လေးနဲ့ အရသာထူးခြားတဲ့ Spicy Ramen ပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Ramen လို့ပြောလိုက်တာနဲ့ ချိုချိုဆိမ့်ဆိမ့် ဂျပန်ခေါက်ဆွဲ အရသာမျိုးလို့ ထင်ထားတာ။ အခု Spicy Ramen ကတော့ ခေါက်ဆွဲသားနူးညံ့ပြီး အရည်ရောအဖတ်ရောစားလို့ရတယ်၊ ပူပူစပ်စပ်အရသာ ရှိလို့ လူတိုင်းအကြိုက်တွေ့စေမှာပါ..
နောက်ထပ်ဟင်းပွဲတစ်ခု Katsu Don လေးကတော့ ထမင်းကို ကြက်ဥပေါင်းနှင့် ရောထားပြီး ကြက်သားကြော် လေးနဲ့ တွဲဖက်စားသုံးရတာပါ။ ကြက်သားကို မုန့်အနှစ်နဲ့ အကြွပ်ကြော် ထားတော့ တမူထူးခြားနေတာပေါ့နော်…
Kimchi Nabe Udon ကတော့ ခေါက်ဆွဲလုံး ကြီးကြီးကို Seafood၊ အသားလုံး၊ မှိုအစုံအလင်နဲ့ တော်တော် အရသာရှိလှတယ်ဗျ ။ Seafood မကြိုက်တဲ့သူတွေအတွက် ကြက်သားနဲ့လည်း မှာစားလို့ရပါတယ်။
Gyoza လို့ခေါ်တဲ့ ဝက်သားဖက်ထုပ်ကြော် ဆိုတာလေးလည်း ရှိပါသေးတယ်။ ထူးခြားတာက ဖက်ထုပ်ကြော်ကို ဘယ်အအေးနဲ့မဆို တွဲဖက်စားဖို့ အတွက် 1200 ပဲပေးရမှာပါ.. Chashu (ဝက်သားပြားပေါင်း) ကတော့ နူးနူးအိအိ လေးနဲ့ စားလို့ ကောင်းတယ်..
နောက်ပြီးတော့ ချစ်စရာ Marshmallow လေးတွေနဲ့ပြုလုပ်ထားတဲ့ Home-made ရေခဲမုန့်လေးတွေ ကတော့ အက်မင်တို့ အကြိုက်ပေါ့။
ဒီဆိုင်ကို အစားတစ်လိုင်းက သိရတာလို့ပြောရင် Discount ပေးဦးမှာနော် 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) အတွက် 10% Discount ရမှာပါ…
Ramen Monster ရဲ့ အစဉ်အလာမပျက် Ramen Challenge ဆိုတာလည်းရှိပါသေးတယ်။
Ramen ပွဲကြီးတစ်ပွဲကို မိနစ်နှစ်ဆယ် အတွင်း ကုန်အောင် စားနို်င်မယ်ဆိုရင် နောက်တစ်ကြိမ်စားသုံးခွင့် ၈၅၀၀ တန် Cupon တစ်စောင်ကို ရရှိမှာနော်..
အခုဆိုရင် မြန်မာပလာဇာ Food City မှာလည်း ဆိုင်ခွဲအသစ်ရောက်ရှိပါပြီနော်…
ဆိုင်လိပ်စာ - Junction Mawtin မြေညီထပ် (KFC ဘေး)
ဆိုင်ခွဲများ - Hledan Center ၊ Myanmar Plaza
ဆိုင်ဖွင့်ချိန် - 10:30AM – 9:00AM
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #JunctionMawtin #Myanmar #Ramen #Noodle #Spicy #Kimchi #အစားတစ္လိုင္း #ဂ်ပန္ #ေခါက္ဆဲြ #ခ်ဥ္စပ္
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Friday, September 22, 2017

၀က္သားတုတ္ထိုးမလား? ၾကာဇံေၾကာ္ေလးစားမလား… ကိုႀကီးကိုသြား :D


၀က္သားတုတ္ထိုးမလား? ၾကာဇံေၾကာ္ေလးစားမလား… ကိုႀကီးကိုသြား :D
အသီးမွာ သရက္၊ အသားမွာ ၀က္ဆိုသလို… ၀က္သားမႀကိဳက္လွသူက
ခပ္မ်ားမ်ားထင္ပါတယ္… ဒီလိုပဲ ၀က္သားတုတ္ထိုးဆိုရင္ အသည္းစဲြခိုက္တဲ့
ကိုကို၊မမတို႔လည္း မ်ားလွမယ္ထင္မိဗ်… ;)
ဒီေတာ့ အက္မင္တို႔က အႀကိဳက္တူသူေတြကို ညႊန္းခ်င္တာက
ဒီရက္ပိုင္း စားျဖစ္ခဲ့တဲ့ ေရလည္မိုက္တဲ့ ၀က္သားနဲ႔ၾကာဇံဆိုင္ေလး
အေၾကာင္း ေျပာျပဦးမယ္ အစားတစ္လိုင္းတို႔ေရ…
ဆိုင္နာမည္က ကိုႀကီးတဲ့… ဆိုင္အျပင္အဆင္က တခမ္းတနားႀကီး
မဟုတ္ေပမယ့္ အရသာနဲ႔ ေစတနာကေတာ့ တကယ္လက္ဖ်ားခါတယ္…
ကိုႀကီးဆီမွာ… ၾကာဇံတို႔၊ ၀က္သားတို႔အျပင္၊ ေခါက္ဆဲြ၊ ေကာ္ျပန္႔ေၾကာ္၊
ေကာ္ျပန္႔စိမ္းတို႔နဲ႔ ဘဲဥေပါင္းဆိုၿပီး စားခ်င္စရာေတြ အစံုရတယ္…
အဲ့ေတာ့ အက္မင္တို႔လည္း ေရငတ္တုန္း ေရတြင္းထဲက်ဆိုသလို
ကိုႀကီးဆီမွာ., ဆာဆာနဲ႔ တီးျဖစ္လိုက္ၾကတယ္… :D
၀က္သားအစံုတစ္ပဲြမွာလိုက္တာ အေတာ္ေလးမ်ားတယ္… အရသာကလည္း
ပံုမွန္တုတ္ထိုးေတြထက္ကိုေကာင္းတယ္ဗ်ာ… တကယ့္ကို ရွလြတ္ဖြယ္ပဲ… :P
ေကာ္ျပန္႔မွာဆိုရင္ အစိမ္းနဲ႔အေၾကာ္ (၂)မ်ိဳဳးရတယ္… အေၾကာ္က
ကၽြတ္ကၽြတ္ရြရြေလးနဲ႔ တစ္မ်ိဳး အရသာရိွသလို… အစိမ္းကလည္း
ေပ်ာ့ေပ်ာ့အိအိေလးနဲ႔ စားေကာင္းျပန္ေရာဗ်… ;)
ဥဆိုရင္ လာထားဆိုတဲ့ ဥႀကိဳက္သူေတြအတြက္ကေတာ့
ဘဲဥေပါင္းတစ္လံုးမွ ၃၀၀ဆိုေတာ့ ၂လံုးေလာက္ မွာလိုက္ရင္ကို
အပီဆဲြလို႔ရတယ္ဗ်…
ၾကာဇံေၾကာ္တို႔၊ ေခါက္ဆဲြေၾကာ္တို႔ကို အသီးအရြက္ေလးနဲ႔
သက္သက္လြတ္ေၾကာ္ထားေပးတာဗ်ာ… အခ်ဥ္ရည္ေလးနဲ႔
ငရုပ္သီးမႈန္႔ေလးနဲ႔ ေရာၿပီး စားလိုက္တာ ရွယ္ပဲဗ်ာ…
အရည္ေသာက္အေနနဲ႔ ဟင္းခ်ိဳရည္ေလးကလည္း ေက်ာက္ဖရံုသီးကို
တရုတ္နံနံေလးနဲ႔ ခ်က္ထားတာမို႔ က်န္းမာေရးအတြက္လည္းေကာင္းတယ္ဆိုပဲဗ်… ;)
ဆိုေတာ့ဗ်ာ… အစားကို ၀၀နဲ႔ အႀကိဳက္စားခ်င္တယ္ဆိုရင္ေတာ့
ကိုႀကီးဆီသာ သြားလိုက္ပါေတာ့… သြားလိုက္ပါေတာ့ဗ်ာ… ;) :D :P :-)
ပံုေအာက္က Caption ေလးေတြဖတ္ရင္း သားေရယိုသြားၾကဦးေနာ့္ ;)
စားမွာပဲ၊ ၀ါးမွာပဲဆိုတဲ့ သူငယ္ခ်င္းေတြကိုလည္း mention ေခၚလိုက္ပါဦးလို႔… :D
:-)
ဆိုင္ဖြင့္ခ်ိန္ - ေန႔ခင္း 12:30 မွ ည 8:30 အထိ
ဆိုင္လိပ္စာ - အမွတ္ - ၁၄၂၊ ၃၇ လမ္း၊ မဟာဗႏၶဳလလမ္းထိပ္၊ ရန္ကုန္
ဖုန္းနံပါတ္ - 09-5100532, 09-795100532
(Unicode)
၀က်သားတုတ်ထိုးမလား? ကြာဇံကြော်လေးစားမလား… ကိုကြီးကိုသွား :D
အသီးမှာ သရက်၊ အသားမှာ ၀က်ဆိုသလို… ၀က်သားမကြိုက်လှသူက
ခပ်များများထင်ပါတယ်… ဒီလိုပဲ ၀က်သားတုတ်ထိုးဆိုရင် အသည်းစွဲခိုက်တဲ့
ကိုကို၊မမတို့လည်း များလှမယ်ထင်မိဗျ… ;)
ဒီတော့ အက်မင်တို့က အကြိုက်တူသူတွေကို ညွှန်းချင်တာက
ဒီရက်ပိုင်း စားဖြစ်ခဲ့တဲ့ ရေလည်မိုက်တဲ့ ၀က်သားနဲ့ကြာဇံဆိုင်လေး
အကြောင်း ပြောပြဦးမယ် အစားတစ်လိုင်းတို့ရေ…
ဆိုင်နာမည်က ကိုကြီးတဲ့… ဆိုင်အပြင်အဆင်က တခမ်းတနားကြီး
မဟုတ်ပေမယ့် အရသာနဲ့ စေတနာကတော့ တကယ်လက်ဖျားခါတယ်…
ကိုကြီးဆီမှာ… ကြာဇံတို့၊ ၀က်သားတို့အပြင်၊ ခေါက်ဆွဲ၊ ကော်ပြန့်ကြော်၊
ကော်ပြန့်စိမ်းတို့နဲ့ ဘဲဥပေါင်းဆိုပြီး စားချင်စရာတွေ အစုံရတယ်…
အဲ့တော့ အက်မင်တို့လည်း ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို
ကိုကြီးဆီမှာ., ဆာဆာနဲ့ တီးဖြစ်လိုက်ကြတယ်… :D
၀က်သားအစုံတစ်ပွဲမှာလိုက်တာ အတော်လေးများတယ်… အရသာကလည်း
ပုံမှန်တုတ်ထိုးတွေထက်ကိုကောင်းတယ်ဗျာ… တကယ့်ကို ရှလွတ်ဖွယ်ပဲ… :P
ကော်ပြန့်မှာဆိုရင် အစိမ်းနဲ့အကြော် (၂)မျိုုးရတယ်… အကြော်က
ကျွတ်ကျွတ်ရွရွလေးနဲ့ တစ်မျိုး အရသာရှိသလို… အစိမ်းကလည်း
ပျော့ပျော့အိအိလေးနဲ့ စားကောင်းပြန်ရောဗျ… ;)
ဥဆိုရင် လာထားဆိုတဲ့ ဥကြိုက်သူတွေအတွက်ကတော့
ဘဲဥပေါင်းတစ်လုံးမှ ၃၀၀ဆိုတော့ ၂လုံးလောက် မှာလိုက်ရင်ကို
အပီဆွဲလို့ရတယ်ဗျ…
ကြာဇံကြော်တို့၊ ခေါက်ဆွဲကြော်တို့ကို အသီးအရွက်လေးနဲ့
သက်သက်လွတ်ကြော်ထားပေးတာဗျာ… အချဉ်ရည်လေးနဲ့
ငရုပ်သီးမှုန့်လေးနဲ့ ရောပြီး စားလိုက်တာ ရှယ်ပဲဗျာ…
အရည်သောက်အနေနဲ့ ဟင်းချိုရည်လေးကလည်း ကျောက်ဖရုံသီးကို
ပူစီနံလေးနဲ့ ချက်ထားတာမို့ ကျန်းမာရေးအတွက်လည်းကောင်းတယ်ဆိုပဲဗျ… ;)
ဆိုတော့ဗျာ… အစားကို ၀၀နဲ့ အကြိုက်စားချင်တယ်ဆိုရင်တော့
ကိုကြီးဆီသာ သွားလိုက်ပါတော့… သွားလိုက်ပါတော့ဗျာ… ;) :D :P :-)
ပုံအောက်က Caption လေးတွေဖတ်ရင်း သားရေယိုသွားကြဦးနော့် ;)
စားမှာပဲ၊ ၀ါးမှာပဲဆိုတဲ့ သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦးလို့… :D
Opening hour : 12:30 PM - 8:30 PM
ဆိုင်လိပ်စာ - အမှတ်(142)၊ (37)လမ်း၊ မဟာဗန္ဓုလလမ်းထိပ်၊ ပန်းဆိုးတန်း။
ဖုန်းနံပါတ် - 09-5100532, 09-795100532
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#Vermicelli #Noodle #PorkStick #PanRoll #အစားတစ်လိုင်း #ကော်ပြန့် #၀က်သား #ခေါက်ဆွဲ #ကြာဇံ #ပန်းဆိုးတန်း
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com