Friday, October 13, 2017

စမ္းေခ်ာင္းထဲက နာမည္ၾကီး ေကြ႕တီယို



စမ္းေခ်ာင္းထဲက နာမည္ၾကီး ေကြ႕တီယို
စမ္းေခ်ာင္းက ဆိုင္ေကာင္း​ေ​ကာင္း​​ေလးေ​တြ ေရးပါဦး လို႔
ေျပာေနၾကတဲ့ အစားတစ္လိုင္းတို႔ အတြက္ နာမည္ၾကီး
ေကြ႔တီယိုဆိုင္ေလးအေၾကာင္းေျပာျပရဦးမယ္… :-)
အခုတေလာ စမ္းေခ်ာင္းမွာ ဆိုင္အသစ္ေတြ အမ်ားၾကီးဖြင့္လာတာ ေတြ႔ရတယ္...
ဒါေပမယ့္ ဒီဆိုင္ေလးကေတာ့ ဟိုးအရင္ကတည္းက စားေကာငး္လို႔ နာမည္ႀကီး လူသိမ်ားၿပီးသားေလးေပါ့…
အဲ့ဆိုင္မွာ အက္မင္တို႔ၾကိဳက္တာေတြကေတာ့ ေကြ႔တီယို၊ ယိုးဒယားသေဘၤာသီးေထာင္း၊ ၾကက္ေျခေထာက္ခ်ဥ္စပ္၊ တို႔ဟူးေၾကာ္၊ ဘဲဥေပါင္း.. တျခားဟာေတြေတာ့ မစားၾကည့္ရေသးဘူးရယ္။ ဒီဆိုင္ေလးရဲ႕ ေကြ႔တီယို အရသာက ထိုင္းအရသာ ပူပူစပ္စပ္ေလးနဲ႔ စားလို႔ေကာင္းျပီး တို႔ဟူးေၾကာ္၊ ဘဲဥေပါင္း တို႔က အခ်ဥ္ရည္ေလးနဲ႔ ေတာ္ေတာ္လိုက္ဖက္တယ္…အက္မင္ကေတာ့ စားေနၾကမဟုတ္လို႔လားမသိ ဘဲဥေပါင္းကို အနည္းငယ္ငံတယ္လို႔ထင္တယ္၊ သူငယ္ခ်င္းေတြကေတာ့ ၾကိဳက္ၾကတယ္။ ေသာက္စရာအေနနဲ႔ အသီးေဖ်ာ္ရည္ေတြလည္း မ်ိဳးစံုရပါတယ္...ျပီးေတာ့ ဒီဆိုင္ေလးမွာ ဆန္ျပဳတ္လည္းရေသးတယ္ဗ်...
ဆိုင္နာမည္က မစၥတာထံုခ်ိဳင္း တဲ့…
အိမ္ဆိုင္ေလးဆိုေတာ့ အျပင္အဆင္ကေတာ့ ဒီဇိုင္း ဘာညာ ကာလာ အေနအထား သိပ္မရိၽြင္းထားဘူးဗ်..
ဒါေပမယ့္ အရသာကေတာ့ ရွယ္ေကာင္းတယ္… ညေနေမွာင္ရီပ်ိဳးရင္ ျခင္ေလးဆဲြတာေတာ့ ရိွတာေပါ့ဗ်ာ… :D :D
စမ္းေခ်ာင္း Spirit ေဘးလမ္း (ပဒုမၼာလမ္း) ကေနဝင္ျပီး ခ်စ္တီးစားေသာက္ဆိုင္ေရွ႕ေရာက္ရင္ ပထမဆံုးေတြ႕ရတဲ့ လမ္းၾကားေလး (မဂၤလာလမ္း) ထဲ ခ်ိဳးတာနဲ႔ ညာဘက္မွာ ေတြ႕ရမယ္ခင္ဗ်… ;) မ်က္ႏွာခ်င္းဆိုင္မွာ Simple ဆိုတဲ့ ဆိုင္ေလးရိွတယ္...
အစားတစ္လိုင္းတို႔ ထံုးစံအတိုင္း ပံုေလးေတြ တစ္ပံုခ်င္းစီေအာက္မွာလည္း ေစ်းႏႈန္း ေလးေတြ ေရးေပးထားတယ္ေနာ္… ;)
ဆိုင္လိပ္စာ - မစၥတာထံုခ်ိဳင္းေကြ႔တီယို၊ ပဒုမၼာလမ္းမ၊ မဂၤလာလမ္းၾကား၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရန္ကုန္။
ဆိုင္ဖြင့္ခ်ိန္ - မနက္ (၉) - ည (၉)
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
Unicode
စမ်းချောင်းထဲက နာမည်ကြီး ကွေ့တီယို
စမ်းချောင်းက ဆိုင်ကောငး်ကောငး်လေးတွေ ရေးပါဦး လို့
ပြောနေကြတဲ့ အစားတစ်လိုင်းတို့ အတွက် နာမည်ကြီး
ကွေ့တီယိုဆိုင်လေးအကြောင်းပြောပြရဦးမယ်… :-)
အခုတလော စမ်းချောင်းမှာ ဆိုင်အသစ်တွေ အများကြီးဖွင့်လာတာ တွေ့ရတယ်...
ဒါပေမယ့် ဒီဆိုင်လေးကတော့ ဟိုးအရင်ကတည်းက စားကောငး်လို့ နာမည်ကြီး လူသိများပြီးသားလေးပေါ့…
အဲ့ဆိုင်မှာ အက်မင်တို့ကြိုက်တာတွေကတော့ ကွေ့တီယို၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ကြက်ခြေထောက်ချဉ်စပ်၊ တို့ဟူးကြော်၊ ဘဲဥပေါင်း.. တခြားဟာတွေတော့ မစားကြည့်ရသေးဘူးရယ်။ ဒီဆိုင်လေးရဲ့ ကွေ့တီယို အရသာက ထိုင်းအရသာ ပူပူစပ်စပ်လေးနဲ့ စားလို့ကောင်းပြီး တို့ဟူးကြော်၊ ဘဲဥပေါင်း တို့က အချဉ်ရည်လေးနဲ့ တော်တော်လိုက်ဖက်တယ်…အက်မင်ကတော့ စားနေကြမဟုတ်လို့လားမသိ ဘဲဥပေါင်းကို အနည်းငယ်ငံတယ်လို့ထင်တယ်၊ သူငယ်ချင်းတွေကတော့ ကြိုက်ကြတယ်။ သောက်စရာအနေနဲ့ အသီးဖျော်ရည်တွေလည်း မျိုးစုံရပါတယ်...ပြီးတော့ ဒီဆိုင်လေးမှာ ဆန်ပြုတ်လည်းရသေးတယ်ဗျ...
ဆိုင်နာမည်က မစ္စတာထုံချိုင်း တဲ့…
အိမ်ဆိုင်လေးဆိုတော့ အပြင်အဆင်ကတော့ ဒီဇိုင်း ဘာညာ ကာလာ အနေအထား သိပ်မရျွိင်းထားဘူးဗျ..
ဒါပေမယ့် အရသာကတော့ ရှယ်ကောင်းတယ်… ညနေမှောင်ရီပျိုးရင် ခြင်လေးဆွဲတာတော့ ရှိတာပေါ့ဗျာ… :D :D
စမ်းချောင်း Spirit ဘေးလမ်း (ပဒုမ္မာလမ်း) ကနေဝင်ပြီး ချစ်တီးစားသောက်ဆိုင်ရှေ့ရောက်ရင် ပထမဆုံးတွေ့ရတဲ့ လမ်းကြားလေး (မင်္ဂလာလမ်း) ထဲ ချိုးတာနဲ့ ညာဘက်မှာ တွေ့ရမယ်ခင်ဗျ… ;) မျက်နှာချင်းဆိုင်မှာ Simple ဆိုတဲ့ ဆိုင်လေးရှိတယ်...
အစားတစ်လိုင်းတို့ ထုံးစံအတိုင်း ပုံလေးတွေ တစ်ပုံချင်းစီအောက်မှာလည်း စျေးနှုန်း လေးတွေ ရေးပေးထားတယ်နော်… ;)
ဆိုင်လိပ်စာ - မစ္စတာထုံချိုင်းကွေ့တီယို၊ ပဒုမ္မာလမ်းမ၊ မင်္ဂလာလမ်းကြား၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဆိုင်ဖွင့်ချိန် - မနက် (၉) - ည (၉)
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#Tomyum #Noodle #Tofu #တံုယမ္း #ေကြ႔တီယို #တို႔ဟူး #စမ္းေခ်ာင္း
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

No comments:

Post a Comment