Friday, October 13, 2017

Amazing!!! တကယ္တန္တဲ့ Seafood ေတြရတဲ့ Green House


အစားတစ္လိုင္းတို႔ေရ…
ဒီတစ္ပါတ္ေတာ့ Seafood နဲ႕ရခိုင္အစားအစာေတြကို တစ္ေနရာထဲမွာ ေစ်းသက္သာျပီး စံုလင္စြာ ရႏို္င္တဲ့ Green House ဆိုတဲ့ဆိုင္ကို ေျခဆန္႔ခဲ့ၾကတယ္။ လူေတာ္ေတာ္မ်ားမ်ားက Seafood လို႔ၾကားလိုက္တာနဲ႔ ေစ်းၾကီးတယ္လို႔ ထင္တတ္ၾကတယ္။ ဒါေပမယ့္ က်ေနာ္တို႔ Green House ကိုေရာက္သြားေတာ့ အဲဒီ ထင္ျမင္ခ်က္ဟာ တက္တက္စင္ေအာင္လြဲခဲ့တယ္။
ဂဏန္းၾကီး ခုႏွစ္ေကာင္ ရွစ္ေကာင္ေလာက္ပါတဲ့ ဟင္းပဲြတစ္ပဲြကိုမွ ၇၀၀၀၊ ကင္းပုဇြန္ပါတဲ့ ပင္လယ္စာဟင္းေပါင္းကို ၇၀၀၀၊ ေက်ာက္ပုဇြန္ရခိုင္ခ်က္တစ္ပြဲကို ၇၀၀၀ ဆိုေတာ့ စြန္းတန္တာေပါ့ဗ်ာ။ ဂဏန္းေတြကလည္း လတ္လတ္ဆတ္ဆတ္နဲ႔ အေကာင္ၾကီးၾကီး အသားျပည့္ျပည့္ေတြပဲ။ ငါးသံပုရာ၊ ငါးဆားငံသီး၊ ျပည္ၾကီးငါး နဲု႔ ပင္လယ္စာေတြလည္းစံုစံုလင္လင္ ရိွပါတယ္။ ထမင္းသုပ္၊ လက္ဖက္သုပ္၊ ဂ်င္းသုပ္တို႔ကို လည္း ၁၀၀၀ ပတ္ဝန္းက်င္နဲ႔ စားႏိုင္ပါတယ္။ ေသာက္စရာအေနနဲ႔ကေတာ့ အသီးေဖ်ာ္ရည္နဲ႔ အေအးမ်ိဳးစံုလည္း ရပါေသးတယ္ဗ်။
အရသာလည္းအလြန္ေကာင္းမြန္ျပီး အစားအေသာက္ေတြကလည္း သန္႔ရွင္းလတ္ဆတ္လွပါတယ္။ ဝန္ေဆာင္မႈကလည္း ေျပာစရာမလိုေအာင္ သေဘာေကာင္းၾကတာ။
ဒီဆိုင္က တကယ္လတ္ဆတ္တဲ့ ဂဏန္း၊ ေက်ာက္ပုဇြန္၊ ျပည္ၾကီးငါးစတဲ့ပင္လယ္ေတြကို ရခိုင္ကေန တိုက္ရိုက္မွာတယ္လို႔သိရတယ္။ ေျမာက္ဥကၠလာ ျမိဳ႕နယ္အတြင္း (၁၀၀၀၀ ေက်ာ္ဖိုး) ဆိုရင္ Free Delivery ပို႔ေပးေသးပါတယ္။ တျခားေနရာေတြ အတြက္ေတာ့ ပို႔ခေပးရပါမယ္။
ပံုေလးေတြေအာက္မွာ ေစ်းႏႈန္းေလးေတြလည္း ထည့္ေပးထားတယ္ေနာ့ ...
ဆိုင္လိပ္စာကေတာ့ ေျမာက္ဥကၠလာပ ‘စ်’ ေစ်းအနီး ေမဓါဝီလမ္းမၾကီးေပၚမွာရိွပါတယ္။
ေစ်းလမ္းဆံုကေနဆိုရင္ ေမဓါဝီေဆးရံုဘက္ကို နည္းနည္းေလာက္သြားလိုက္ရင္ေရာက္ပါတယ္။
ဆိုင္ဖြင့္ခ်ိန္ : မနက္ ၇ နာရီမွ ည ၁၀ နာရီ

Instagram : www.instagram.com/asartaline
Website : www.asartaline.blogspot.com
Email : asartaline.foodreview@gmail.com

(Unicode)
Amazing!!! တကယ်တန်တဲ့ Seafood တွေရတဲ့ Green House
အစားတစ်လိုင်းတို့ရေ…
ဒီတစ်ပါတ်တော့ Seafood နဲ့ရခိုင်အစားအစာတွေကို တစ်နေရာထဲမှာ စျေးသက်သာပြီး စုံလင်စွာ ရနို်င်တဲ့ Green House ဆိုတဲ့ဆိုင်ကို ခြေဆန့်ခဲ့ကြတယ်။ လူတော်တော်များများက Seafood လို့ကြားလိုက်တာနဲ့ စျေးကြီးတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ကျနော်တို့ Green House ကိုရောက်သွားတော့ အဲဒီ ထင်မြင်ချက်ဟာ တက်တက်စင်အောင်လွဲခဲ့တယ်။
ဂဏန်းကြီး ခုနှစ်ကောင် ရှစ်ကောင်လောက်ပါတဲ့ ဟင်းပွဲတစ်ပွဲကိုမှ ၇၀၀၀၊ ကင်းပုဇွန်ပါတဲ့ ပင်လယ်စာဟင်းပေါင်းကို ၇၀၀၀၊ ကျောက်ပုဇွန်ရခိုင်ချက်တစ်ပွဲကို ၇၀၀၀ ဆိုတော့ စွန်းတန်တာပေါ့ဗျာ။ ဂဏန်းတွေကလည်း လတ်လတ်ဆတ်ဆတ်နဲ့ အကောင်ကြီးကြီး အသားပြည့်ပြည့်တွေပဲ။ ငါးသံပုရာ၊ ငါးဆားငံသီး၊ ပြည်ကြီးငါး နဲု့ ပင်လယ်စာတွေလည်းစုံစုံလင်လင် ရှိပါတယ်။ ထမင်းသုပ်၊ လက်ဖက်သုပ်၊ ဂျင်းသုပ်တို့ကို လည်း ၁၀၀၀ ပတ်ဝန်းကျင်နဲ့ စားနိုင်ပါတယ်။ သောက်စရာအနေနဲ့ကတော့ အသီးဖျော်ရည်နဲ့ အအေးမျိုးစုံလည်း ရပါသေးတယ်ဗျ။
အရသာလည်းအလွန်ကောင်းမွန်ပြီး အစားအသောက်တွေကလည်း သန့်ရှင်းလတ်ဆတ်လှပါတယ်။ ဝန်ဆောင်မှုကလည်း ပြောစရာမလိုအောင် သဘောကောင်းကြတာ။
ဒီဆိုင်က တကယ်လတ်ဆတ်တဲ့ ဂဏန်း၊ ကျောက်ပုဇွန်၊ ပြည်ကြီးငါးစတဲ့ပင်လယ်တွေကို ရခိုင်ကနေ တိုက်ရိုက်မှာတယ်လို့သိရတယ်။ မြောက်ဥက္ကလာ မြို့နယ်အတွင်း (၁၀၀၀၀ ကျော်ဖိုး) ဆိုရင် Free Delivery ပို့ပေးသေးပါတယ်။ တခြားနေရာတွေ အတွက်တော့ ပို့ခပေးရပါမယ်။
ပုံလေးတွေအောက်မှာ စျေးနှုန်းလေးတွေလည်း ထည့်ပေးထားတယ်နော့ ..
ဆိုင်လိပ်စာကတော့ မြောက်ဥက္ကလာပ ‘စျ’ စျေးအနီး မေဓါဝီလမ်းမကြီးပေါ်မှာရှိပါတယ်။
စျေးလမ်းဆုံကနေဆိုရင် မေဓါဝီဆေးရုံဘက်ကို နည်းနည်းလောက်သွားလိုက်ရင်ရောက်ပါတယ်။
ဆိုင်ဖွင့်ချိန် : မနက် ၇ နာရီမှ ည ၁၀ နာရီ
#AsarTaLine #အစားတစ်လိုင်း #FoodReview #FoodLover #SeaFood #SpicyFood #ရခိုင်အစားအစာ #Delicous #Yummy #GreenHouse #Myanmar
Facebook : www.facebook.com/AsarTaLine
Instagram : www.instagram.com/asartaline
Website : www.asartaline.blogspot.com
Email : asartaline.foodreview@gmail.com

No comments:

Post a Comment