Friday, September 29, 2017

Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလး


အစားတစ္လုိင္းတို႔ေရ...
ေဆာင္းဝင္လာျပီဆိုေတာ့ ေခါက္ဆဲြ ပူပူစပ္စပ္ေလးေတြ စားလုိ႔ရတဲ့
ဂ်ပန္ေခါက္ဆြဲဆိုင္ေလး အေၾကာင္းေျပာျပမယ္ေနာ္ …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလးပါ။
တခ်ိဳ႕က ဒီဆုိင္ကို သိၾကေပမယ့္ သူ႔ဆီက စားလို႔ေကာင္းတဲ့ အစားအေသာက္ေတြ အေၾကာင္းေတာ့ အသိနည္းၾကတယ္။
အဓိက ညႊန္းခ်င္တာကေတာ့ ပူပူစပ္စပ္ ေလးနဲ႔ အရသာထူးျခားတဲ့ Spicy Ramen ပဲျဖစ္ပါတယ္။ ပံုမွန္ဆိုရင္ Ramen လို႔ေျပာလုိက္တာနဲ႔ ခ်ိဳခ်ိဳဆိမ့္ဆိမ့္ ဂ်ပန္ေခါက္ဆြဲ အရသာမ်ိဳးလို႔ ထင္ထားတာ။ အခု Spicy Ramen ကေတာ့ ေခါက္ဆြဲသားႏူးညံ႔ျပီး အရည္ေရာအဖတ္ေရာစားလို႔ရတယ္၊ ပူပူစပ္စပ္အရသာ ရိွလို႔ လူတိုင္းအၾကိဳက္ေတြ႔ေစမွာပါ။
ေနာက္ထပ္ဟင္းပဲြတစ္ခု Katsu Don ေလးကေတာ့ ထမင္းကို ၾကက္ဥေပါင္းႏွင့္ ေရာထားျပီး ၾကက္သားေၾကာ္ ေလးန႔ဲ တဲြဖက္စားသံုးရတာပါ။ ၾကက္သားကို မုန္႔အႏွစ္နဲ႔ အၾကြပ္ေၾကာ္ ထားေတာ့ တမူထူးျခားေနတာေပါ့ေနာ္…
Kimchi Nabe Udon ကေတာ့ ေခါက္ဆြဲလံုး ၾကီးၾကီးကို Seafood၊ အသားလံုး၊ မိႈအစံုအလင္နဲ႔ ေတာ္ေတာ္ အရသာရိွလွတယ္ဗ် ။ Seafood မၾကိဳက္တဲ့သူေတြအတြက္ ၾကက္သားနဲ႔လည္း မွာစားလို႔ရပါတယ္။
Gyoza လို႔ေခၚတဲ့ ဝက္သားဖက္ထုပ္ေၾကာ္ ဆိုတာေလးလည္း ရိွပါေသးတယ္။ ထူးျခားတာက ဖက္ထုပ္ေၾကာ္ကို ဘယ္အေအးနဲ႔မဆို တြဲဖက္စားဖို႔ အတြက္ 1200 ပဲေပးရမွာပါ။ Chashu (ဝက္သားျပားေပါင္း) ကေတာ့ ႏူးႏူးအိအိ ေလးနဲ႔ စားလို႔ ေကာင္းတယ္။
ေနာက္ျပီးေတာ့ ခ်စ္စရာ Marshmallow ေလးေတြနဲ႔ျပဳလုပ္ထားတဲ့ Home-made ေရခဲမုန္႔ေလးေတြ ကေတာ့ အက္မင္တို႔ အၾကိဳက္ေပါ့။
ဒီဆုိင္ကို အစားတစ္လုိင္းက သိရတာလို႔ေျပာရင္ Discount ေပးဦးမွာေနာ္ 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) တို႔ အတြက္ 10% Discount ရမွာပါ…
Ramen Monster ရဲ႕ အစဥ္အလာမပ်က္ Ramen Challenge ဆိုတာလည္းရိွပါေသးတယ္။
Ramen ပြဲၾကီးတစ္ပြဲကို မိနစ္ႏွစ္ဆယ္ အတြင္း ကုန္ေအာင္ စားႏုိ္င္မယ္ဆိုရင္ ေနာက္တစ္ၾကိမ္စားသံုးခြင့္ ၈၅၀၀ တန္ Cupon တစ္ေစာင္ကို ရရိွမွာေနာ္..။
အခုဆိုရင္ ျမန္မာပလာဇာ Food City မွာလည္း ဆုိင္ခြဲအသစ္ေရာက္ရိွ​​​ေနပာျပီေနာ္…
ဆုိင္လိပ္စာ - Junction Mawtin ေျမညီထပ္ (KFC ေဘး)
ဆုိင္ခြဲမ်ား - Hledan Center ၊ Myanmar Plaza
ဆုိင္ဖြင့္ခ်ိန္ - 10:30AM – 9:00AM
(Unicode)
အစားတစ်လိုင်းတို့ရေ...
ဆောင်းဝင်လာပြီဆိုတော့ ခေါက်ဆွဲ ပူပူစပ်စပ်လေးတွေ စားလို့ရတဲ့
ဂျပန်ခေါက်ဆွဲဆိုင်လေး အကြောင်းပြောပြမယ်နော် …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆိုင်လေးပါ။
တချို့က ဒီဆိုင်ကို သိကြပေမယ့် သူ့ဆီက စားလို့ကောင်းတဲ့ အစားအသောက်တွေအကြောင်းတော့ အသိနည်းကြတယ်..
အဓိက ညွှန်းချင်တာကတော့ ပူပူစပ်စပ် လေးနဲ့ အရသာထူးခြားတဲ့ Spicy Ramen ပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Ramen လို့ပြောလိုက်တာနဲ့ ချိုချိုဆိမ့်ဆိမ့် ဂျပန်ခေါက်ဆွဲ အရသာမျိုးလို့ ထင်ထားတာ။ အခု Spicy Ramen ကတော့ ခေါက်ဆွဲသားနူးညံ့ပြီး အရည်ရောအဖတ်ရောစားလို့ရတယ်၊ ပူပူစပ်စပ်အရသာ ရှိလို့ လူတိုင်းအကြိုက်တွေ့စေမှာပါ..
နောက်ထပ်ဟင်းပွဲတစ်ခု Katsu Don လေးကတော့ ထမင်းကို ကြက်ဥပေါင်းနှင့် ရောထားပြီး ကြက်သားကြော် လေးနဲ့ တွဲဖက်စားသုံးရတာပါ။ ကြက်သားကို မုန့်အနှစ်နဲ့ အကြွပ်ကြော် ထားတော့ တမူထူးခြားနေတာပေါ့နော်…
Kimchi Nabe Udon ကတော့ ခေါက်ဆွဲလုံး ကြီးကြီးကို Seafood၊ အသားလုံး၊ မှိုအစုံအလင်နဲ့ တော်တော် အရသာရှိလှတယ်ဗျ ။ Seafood မကြိုက်တဲ့သူတွေအတွက် ကြက်သားနဲ့လည်း မှာစားလို့ရပါတယ်။
Gyoza လို့ခေါ်တဲ့ ဝက်သားဖက်ထုပ်ကြော် ဆိုတာလေးလည်း ရှိပါသေးတယ်။ ထူးခြားတာက ဖက်ထုပ်ကြော်ကို ဘယ်အအေးနဲ့မဆို တွဲဖက်စားဖို့ အတွက် 1200 ပဲပေးရမှာပါ.. Chashu (ဝက်သားပြားပေါင်း) ကတော့ နူးနူးအိအိ လေးနဲ့ စားလို့ ကောင်းတယ်..
နောက်ပြီးတော့ ချစ်စရာ Marshmallow လေးတွေနဲ့ပြုလုပ်ထားတဲ့ Home-made ရေခဲမုန့်လေးတွေ ကတော့ အက်မင်တို့ အကြိုက်ပေါ့။
ဒီဆိုင်ကို အစားတစ်လိုင်းက သိရတာလို့ပြောရင် Discount ပေးဦးမှာနော် 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) အတွက် 10% Discount ရမှာပါ…
Ramen Monster ရဲ့ အစဉ်အလာမပျက် Ramen Challenge ဆိုတာလည်းရှိပါသေးတယ်။
Ramen ပွဲကြီးတစ်ပွဲကို မိနစ်နှစ်ဆယ် အတွင်း ကုန်အောင် စားနို်င်မယ်ဆိုရင် နောက်တစ်ကြိမ်စားသုံးခွင့် ၈၅၀၀ တန် Cupon တစ်စောင်ကို ရရှိမှာနော်..
အခုဆိုရင် မြန်မာပလာဇာ Food City မှာလည်း ဆိုင်ခွဲအသစ်ရောက်ရှိပါပြီနော်…
ဆိုင်လိပ်စာ - Junction Mawtin မြေညီထပ် (KFC ဘေး)
ဆိုင်ခွဲများ - Hledan Center ၊ Myanmar Plaza
ဆိုင်ဖွင့်ချိန် - 10:30AM – 9:00AM
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #JunctionMawtin #Myanmar #Ramen #Noodle #Spicy #Kimchi #အစားတစ္လိုင္း #ဂ်ပန္ #ေခါက္ဆဲြ #ခ်ဥ္စပ္
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

No comments:

Post a Comment