(Unicode)
OiSHii Sushi(Shwe Taung Dann)
Friday ဆိုတော့ သူငယ်ချင်းတွေနဲ့ မုန့်သွားစားဖိို့ ဆိုင်ရွေးရတာ အလုပ်တစ်ခုပါပဲ။ ဒီတစ်ပတ်တော့ အကြိုက်ဆုံးဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ ရွှေတောင်တန်းလမ်းက OISHI Sushi ဆိုင်ကိုရောက်ခဲ့ပါတယ်။ OISHI ရောက်တိုင်း အရင်ဆုံးမှာဖြစ်တာကတော့ ဆဘငါးအချိုကင်၊ ဆော်လမွန် ဆာရှိမိ၊ ဂုံးယောက်မကင်၊ ရေဘဝဲအစပ်ကြော်၊ သီးရွက်စုံတန်ပူရာ နဲ့ Miso ဟင်းရည်တို့ပါပဲ။ ဆူရှီကတော့ မပါမဖြစ်ပေါ့နော်..တူနာဆလတ်၊ ဂဏန်းဆလတ်၊ ဆော်လမွန် ချိစ် တို့နဲ့ ကြိုက်သလိုမှာလို့ရပါတယ်။ ဆူရှီနဲ့တွဲဖက်စားရတဲ့ ဂျင်းဖတ်လေးတွေကလည်းချိုမြမြနဲ့ အရသာပိုတိုးစေပါတယ်။ ဂျပန်စတိုင်ရေနွေးကြမ်းအအေး ကိုလည်း ကြိုက်သလောက် Free သောက်လို့ရပါသေးတယ်။ ဆူရှီက တစ်ပွဲကို ၁၂၀၀၊ ၁၅၀၀ လောက်ပဲရှိတာမို့လို့ လူငယ်တွေချည်းပဲ လာစားလို့လည်း အဆင်ပြေတာပေါ့။ ရွှေတောင်တန်းဆိုင်ခွဲက နေရာကျယ်ကျယ်ဝန်းဝန်းရှိတော့ လူများလို့စောင့်နေရတာမျိုး မရှိသလောက်ပဲ။ ဆိုင်အပြင်အဆင်လေးကသပ်ရပ်ပြီးတော့ ဝန်ထမ်းတွေကလည်း တကယ်သဘောကောင်းကြတယ်။ မြို့ထဲ လသာလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းတို့မှာလည်း ဆိုင်ခွဲတွေရှိပါသေးတယ်။ ဂျပန်အစားအစာ ကြိုက်သူတွေအတွက်တော့ ရန်ကုန်မှာ Oishii က နံပါတ်တစ် ပါပဲ။
#AsarTaLine #OiSHiiSushi #JapaneseFoods
Facebook : https://www.facebook.com/pg/AsarTaLine
Instagram : https://www.instagram.com/asartaline/
Website : https://www.asartaline.blogspot.com
No comments:
Post a Comment