Friday, June 16, 2017
အစားတစ်လိုင်းတို့ရေ…
ပေး ပါတယ်…
ဈေးနှုန်းနဲ့ အကြောင်းအရာလေးတွေ ရေးပေးထားတယ်နော့်…
(Unicode)
ခံစားမှုရသစုံပေးတဲ့ Gallery Café
အစားတစ်လိုင်းတို့ရေ…
နေရာတိုင်းမှာ ရှိတဲ့အလှအပတရားတွေကို ခံစားနိုင်ဖို့အတွက် စက္ခုအာရုံ မျက်ဝန်းအစုံလိုသလို စိတ်တံခါးပေါက်ကို ဖွင့်ကြည့်တတ်ဖို့လည်း လိုမယ်နော်… လူကျန်းမာဖို့အတွက် အစားအသောက် အာဟာရ လိုအပ်သလို… စိတ်ချမ်းသာကျန်းမာဖို့အတွက်လည်း ချစ်ခြင်းမေတ္တာတွေနဲ့အတူ လှပမှုတွေ
လွှမ်းခြုံနေတဲ့ အနုပညာဓါတ်တွေကို ခံစားတတ်ဖို့လိုတယ်လို့ ဖတ်ခဲ့ဖူးပါတယ်...
လူလည်း ကျန်းမာ၊ စိတ်လည်းချမ်းသာ ဖြစ်ဖို့ရာ သန့်ရှင်းလတ်ဆတ်တဲ့
အစားအသောက် အာဟာရတွေဟာလည်း အဓိကကျပါတယ်… ဒီလို သန့်ရှင်းလတ်ဆတ်ပြီး အနုအလှတွေဖုံးလွှမ်းနေတဲ့နေရာလေးတစ်ခု
အကြောင်းကို ပြောပြချင်ပါတယ်…
ရန်ကုန်မြို့ရဲ့ အထင်ကရနေရာလေးတစ်ခုဖြစ်တဲ့ အင်းလျားလမ်းထဲက အနုပညာလက်ရာတွေ ပြည့်နှက်နေတဲ့ Gallery Café ပါပဲ... ဆိတ်ငြိမ်ရပ်ကွက်ထဲက ခြံဝန်းကျယ်လေးထဲမှာ ပန်းချီပြခန်းကော်ဖီဆိုင်လေးအဖြစ် ဖွင့်ထားတာပေါ့ဗျာ… ဆိုင်လေးထဲဝင်လိုက်တာနဲ့ အေးချမ်းတဲ့ ခံစားမှုလေးကို ဦးဆုံးခံစားလိုက်ရတယ်…
ဆိုင်အတွင်း အခန်းလေးထဲမှာလည်း ကော်ဖီသောက်ရင်း အခန်းနံရံပတ်ပတ်လည်က ပန်းချီကားချပ်တွေကို ကြည့်ရှုခံစားရင်း တစိမ့်စိမ့်တွေးတော စီးမျောနိုင်မှာပါ… အေးအေးဆေးဆေး မုန့်စားရတာ ကြိုက်သူတွေအတွက်တော့ တကယ်ကို သဘောကျစေမယ့် နေရာကောင်းလေးတစ်ခုပါပဲ… စိမ်းစိုတဲ့ မြက်ခင်းပြင်လေး သာယာလှပတဲ့ ခြံဝန်းလေးထဲမှာ အစားအသောက်လေးတွေကို romantic ဆန်ဆန် လှလှပပစားချင်သူတွေအတွက်လည်း အကြိုက်တွေ့စေမယ့် နေရာလေးပါ…YU တို့ YUFL တို့နဲ့ နီးတဲ့အတွက် စာလုပ်ဖို့နေရာလေး သီးသန့်လိုချင်တဲ့ တက္ကသိုလ်
ကျောင်းသားတွေအတွက်လည်း အဆင်ပြေတဲ့ နေရာလေးတစ်ခုပေါ့…
အားသွင်းလို့ရမယ့် ပလပ်ပေါက်တွေ စားပွဲတိုင်းမှာ ရှိတဲ့အတွက်ကြောင့် အလုပ်လုပ်ဖို့လည်း အဆင်ပြေစေပါတယ်…
ဆိုင်အနေအထားလေးကတင် အမိုက်စားမဟုတ်ဘဲ စားဖွယ်တွေကလည်း
တကယ်ကို လက်ရာမြောက်တဲ့ အနုပညာတွေပါ… Gallery Café ရဲ့
Signature Menu လေးကတော့ 3 Layered Coffee ပေါ့နော်… သူ့ကို
creamy ရယ်၊ espresso ကော်ဖီရယ်၊ espresso ရေခဲမွလေးတွေ ရယ်ကို အလွှာတစ်ထပ်ချင်းစီ ဖန်တီးပြုလုပ်ထားပါတယ်…
ဒါ့အပြင် ကော်ဖီခါးခါးမကြိုက် သူတွေအတွက် ကွက်ကီးအရသာမွမွလေးတွေနဲ့ ချိုချိုအေးအေးလေးသောက်လို့ရမယ့် Oreo cookie coffee iced frappe အရသာလေးကလည်း တစ်မျိုးလေးစွဲဆောင်မှုရှိနေပါတယ်…
ဥရောပအစားအစာတွေကို မြန်မာလူမျိုးတွေအကြိုက် အရသာတွေ့ ခံတွင်းမြိန်စေဖို့ မဆလာလေးရောယှက် ချက်ထားတဲ့ Chicken leg mushroom နဲ့ Beef steak
with brown sauce တို့ကလည်း သိပ်ကို အရသာရှိပြီး ထူးခြားကောင်းမွန်
နေပါတယ်… နောက်ထပ် ထူးခြားတာ တစ်ခုကတော့ ပုဇွန်ကော်ပြန့်ကြော်ချဉ်စပ်ပါ… ပုဇွန်ကော်ပြန့်ကြော်ကို ပုဇွန်အသားကြားထဲ ချဉ်စပ်အရသာလေး သိပ်ထည့်ပေးထားတဲ့အတွက် အချဉ်တို့ပြီး စားစရာမလိုဘူးပေါ့ဗျာ…
Gallery Café ကို မနက်(၉)နာရီကနေ ည(၁၁)နာရီအထိ ဖွင့်ထားပြီး Breakfast,
Lunch, Dinner အပြင် အခြား အဆာပြေစားဖွယ်နဲ့ ကော်ဖီ၊အအေး စုံလင်စွာ
ရနိုင်တဲ့ နေရာလေးတစ်ခုပေါ့…
ဘယ်မှမသွားဘဲ အိမ်မှာနေရင်းပဲ အစားအသောက် စားချင်သူတွေအတွက်…
ဗဟန်း၊ ကမာရွတ်၊ လှည်းတန်းတို့နဲ့အတူ Gallery Café နဲ့ နီးစပ်ရာမြို့နယ်တွေ
ကိုလည်း ဖုန်းဆက်မှာယူပြီးစားနိုင်အောင် Free Delivery Service လည်း လုပ်ထားပေးပါတယ်…
VIP Room လည်းရှိတော့ Private Meeting လေးတွေပဲဖြစ်ဖြစ်၊ Gathering လုပ်ချင်တာပဲဖြစ်ဖြစ်၊ တစ်သီးတစ်သန့်လေး အေးအေးဆေးဆေးလုပ်လို့ရပါတယ်… Birthday Party တို့၊ ပွဲအခမ်းအနားလေးတွေလုပ်ချင်ရင်လည်း စီစဉ်ဆောင်ရွက်
ပေး ပါတယ်…
အစားတစ်လိုင်းတို့ ထုံးစံအတိုင်းပဲ အောက်လေးတွေ တစ်ပုံချင်းစီအောက်မှာ
စျေးနှုန်းနဲ့ အကြောင်းအရာလေးတွေ ရေးပေးထားတယ်နော့်…
အော်… နောက်ဆုံးပြောချင်တာ တစ်ခုက Gallery Café ရဲ့ Special Promotion အနေနဲ့… ဆိုင်မှာ နန်းကြီးသုပ်+Dim sum တစ်ပွဲ စားတာနဲ့… ကော်ဖီ(သို့)
လက်ဖက်ရည် တစ်ခွက် Free လက်ဆောင်ရမှာဆိုတာလေးလည်း ပြောပြချင်ပါသေးတယ်ဗျာ… :-)
Gallery Café လိပ်စာ - အမှတ်(၉၈/စီ)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်။
ဖုန်းနံပါတ် - ၀၉-၄၄၀၆၅၀၀၄၀
Gallery Café Facebook - www.facebook.com/thegallerycafeinya
#AsarTaLine #FoodReview #FoodLover #NicePlace #Delicous #GalleryCafe #Myanmar
Facebook : www.facebook.com/AsarTaLine
Instagram : www.instagram.com/asartaline
Website : www.asartaline.blogspot.com
Email : asartaline.foodreview@gmail.com
Sunday, May 28, 2017
Be AsarTaLine !
KEEP CALM AND
BE AsarTaLine !
အစားအသောက်သည်
လူနှင့်တည့်၏ ....
Tuesday, May 9, 2017
Friday ဆိုတော့ သူငယ်ချင်းတွေနဲ့ မုန့်သွားစားဖိို့ ဆိုင်ရွေးရတာ အလုပ်တစ်ခုပါပဲ။ ဒီတစ်ပတ်တော့ အကြိုက်ဆုံးဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ ရွှေတောင်တန်းလမ်းက OISHI Sushi ဆိုင်ကိုရောက်ခဲ့ပါတယ်။ OISHI ရောက်တိုင်း အရင်ဆုံးမှာဖြစ်တာကတော့ ဆဘငါးအချိုကင်၊ ဆော်လမွန် ဆာရှိမိ၊ ဂုံးယောက်မကင်၊ ရေဘဝဲအစပ်ကြော်၊ သီးရွက်စုံတန်ပူရာ နဲ့ Miso ဟင်းရည်တို့ပါပဲ။ ဆူရှီကတော့ မပါမဖြစ်ပေါ့နော်..တူနာဆလတ်၊ ဂဏန်းဆလတ်၊ ဆော်လမွန် ချိစ် တို့နဲ့ ကြိုက်သလိုမှာလို့ရပါတယ်။ ဆူရှီနဲ့တွဲဖက်စားရတဲ့ ဂျင်းဖတ်လေးတွေကလည်းချိုမြမြနဲ့ အရသာပိုတိုးစေပါတယ်။ ဂျပန်စတိုင်ရေနွေးကြမ်းအအေး ကိုလည်း ကြိုက်သလောက် Free သောက်လို့ရပါသေးတယ်။ ဆူရှီက တစ်ပွဲကို ၁၂၀၀၊ ၁၅၀၀ လောက်ပဲရှိတာမို့လို့ လူငယ်တွေချည်းပဲ လာစားလို့လည်း အဆင်ပြေတာပေါ့။ ရွှေတောင်တန်းဆိုင်ခွဲက နေရာကျယ်ကျယ်ဝန်းဝန်းရှိတော့ လူများလို့စောင့်နေရတာမျိုး မရှိသလောက်ပဲ။ ဆိုင်အပြင်အဆင်လေးကသပ်ရပ်ပြီးတော့ ဝန်ထမ်းတွေကလည်း တကယ်သဘောကောင်းကြတယ်။ မြို့ထဲ လသာလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းတို့မှာလည်း ဆိုင်ခွဲတွေရှိပါသေးတယ်။ ဂျပန်အစားအစာ ကြိုက်သူတွေအတွက်တော့ ရန်ကုန်မှာ Oishii က နံပါတ်တစ် ပါပဲ။
#AsarTaLine #OiSHiiSushi #JapaneseFoods
Facebook : https://www.facebook.com/pg/AsarTaLine
Instagram : https://www.instagram.com/asartaline/
Website : https://www.asartaline.blogspot.com
OiSHii Sushi(Shwe Taung Dann)
Friday ဆိုတော့ သူငယ်ချင်းတွေနဲ့ မုန့်သွားစားဖိို့ ဆိုင်ရွေးရတာ အလုပ်တစ်ခုပါပဲ။ ဒီတစ်ပတ်တော့ အကြိုက်ဆုံးဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ ရွှေတောင်တန်းလမ်းက OISHI Sushi ဆိုင်ကိုရောက်ခဲ့ပါတယ်။ OISHI ရောက်တိုင်း အရင်ဆုံးမှာဖြစ်တာကတော့ ဆဘငါးအချိုကင်၊ ဆော်လမွန် ဆာရှိမိ၊ ဂုံးယောက်မကင်၊ ရေဘဝဲအစပ်ကြော်၊ သီးရွက်စုံတန်ပူရာ နဲ့ Miso ဟင်းရည်တို့ပါပဲ။ ဆူရှီကတော့ မပါမဖြစ်ပေါ့နော်..တူနာဆလတ်၊ ဂဏန်းဆလတ်၊ ဆော်လမွန် ချိစ် တို့နဲ့ ကြိုက်သလိုမှာလို့ရပါတယ်။ ဆူရှီနဲ့တွဲဖက်စားရတဲ့ ဂျင်းဖတ်လေးတွေကလည်းချိုမြမြနဲ့ အရသာပိုတိုးစေပါတယ်။ ဂျပန်စတိုင်ရေနွေးကြမ်းအအေး ကိုလည်း ကြိုက်သလောက် Free သောက်လို့ရပါသေးတယ်။ ဆူရှီက တစ်ပွဲကို ၁၂၀၀၊ ၁၅၀၀ လောက်ပဲရှိတာမို့လို့ လူငယ်တွေချည်းပဲ လာစားလို့လည်း အဆင်ပြေတာပေါ့။ ရွှေတောင်တန်းဆိုင်ခွဲက နေရာကျယ်ကျယ်ဝန်းဝန်းရှိတော့ လူများလို့စောင့်နေရတာမျိုး မရှိသလောက်ပဲ။ ဆိုင်အပြင်အဆင်လေးကသပ်ရပ်ပြီးတော့ ဝန်ထမ်းတွေကလည်း တကယ်သဘောကောင်းကြတယ်။ မြို့ထဲ လသာလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းတို့မှာလည်း ဆိုင်ခွဲတွေရှိပါသေးတယ်။ ဂျပန်အစားအစာ ကြိုက်သူတွေအတွက်တော့ ရန်ကုန်မှာ Oishii က နံပါတ်တစ် ပါပဲ။
#AsarTaLine #OiSHiiSushi #JapaneseFoods
Facebook : https://www.facebook.com/pg/AsarTaLine
Instagram : https://www.instagram.com/asartaline/
Website : https://www.asartaline.blogspot.com
Saturday, May 6, 2017
About AsarTaLine
အစားချည်းပဲတစ်လိုင်း
Food Lover သူငယ်ချင်းများအတွက်
စိတ်ဝင်စားဖွယ်ရာ အစားအသောက်များ အကြောင်း မျှဝေမယ်...
Food Lover သူငယ်ချင်းများအတွက်
စိတ်ဝင်စားဖွယ်ရာ အစားအသောက်များ အကြောင်း မျှဝေမယ်...
Subscribe to:
Posts (Atom)