Friday, October 13, 2017

စမ္းေခ်ာင္းထဲက နာမည္ၾကီး ေကြ႕တီယို



စမ္းေခ်ာင္းထဲက နာမည္ၾကီး ေကြ႕တီယို
စမ္းေခ်ာင္းက ဆိုင္ေကာင္း​ေ​ကာင္း​​ေလးေ​တြ ေရးပါဦး လို႔
ေျပာေနၾကတဲ့ အစားတစ္လိုင္းတို႔ အတြက္ နာမည္ၾကီး
ေကြ႔တီယိုဆိုင္ေလးအေၾကာင္းေျပာျပရဦးမယ္… :-)
အခုတေလာ စမ္းေခ်ာင္းမွာ ဆိုင္အသစ္ေတြ အမ်ားၾကီးဖြင့္လာတာ ေတြ႔ရတယ္...
ဒါေပမယ့္ ဒီဆိုင္ေလးကေတာ့ ဟိုးအရင္ကတည္းက စားေကာငး္လို႔ နာမည္ႀကီး လူသိမ်ားၿပီးသားေလးေပါ့…
အဲ့ဆိုင္မွာ အက္မင္တို႔ၾကိဳက္တာေတြကေတာ့ ေကြ႔တီယို၊ ယိုးဒယားသေဘၤာသီးေထာင္း၊ ၾကက္ေျခေထာက္ခ်ဥ္စပ္၊ တို႔ဟူးေၾကာ္၊ ဘဲဥေပါင္း.. တျခားဟာေတြေတာ့ မစားၾကည့္ရေသးဘူးရယ္။ ဒီဆိုင္ေလးရဲ႕ ေကြ႔တီယို အရသာက ထိုင္းအရသာ ပူပူစပ္စပ္ေလးနဲ႔ စားလို႔ေကာင္းျပီး တို႔ဟူးေၾကာ္၊ ဘဲဥေပါင္း တို႔က အခ်ဥ္ရည္ေလးနဲ႔ ေတာ္ေတာ္လိုက္ဖက္တယ္…အက္မင္ကေတာ့ စားေနၾကမဟုတ္လို႔လားမသိ ဘဲဥေပါင္းကို အနည္းငယ္ငံတယ္လို႔ထင္တယ္၊ သူငယ္ခ်င္းေတြကေတာ့ ၾကိဳက္ၾကတယ္။ ေသာက္စရာအေနနဲ႔ အသီးေဖ်ာ္ရည္ေတြလည္း မ်ိဳးစံုရပါတယ္...ျပီးေတာ့ ဒီဆိုင္ေလးမွာ ဆန္ျပဳတ္လည္းရေသးတယ္ဗ်...
ဆိုင္နာမည္က မစၥတာထံုခ်ိဳင္း တဲ့…
အိမ္ဆိုင္ေလးဆိုေတာ့ အျပင္အဆင္ကေတာ့ ဒီဇိုင္း ဘာညာ ကာလာ အေနအထား သိပ္မရိၽြင္းထားဘူးဗ်..
ဒါေပမယ့္ အရသာကေတာ့ ရွယ္ေကာင္းတယ္… ညေနေမွာင္ရီပ်ိဳးရင္ ျခင္ေလးဆဲြတာေတာ့ ရိွတာေပါ့ဗ်ာ… :D :D
စမ္းေခ်ာင္း Spirit ေဘးလမ္း (ပဒုမၼာလမ္း) ကေနဝင္ျပီး ခ်စ္တီးစားေသာက္ဆိုင္ေရွ႕ေရာက္ရင္ ပထမဆံုးေတြ႕ရတဲ့ လမ္းၾကားေလး (မဂၤလာလမ္း) ထဲ ခ်ိဳးတာနဲ႔ ညာဘက္မွာ ေတြ႕ရမယ္ခင္ဗ်… ;) မ်က္ႏွာခ်င္းဆိုင္မွာ Simple ဆိုတဲ့ ဆိုင္ေလးရိွတယ္...
အစားတစ္လိုင္းတို႔ ထံုးစံအတိုင္း ပံုေလးေတြ တစ္ပံုခ်င္းစီေအာက္မွာလည္း ေစ်းႏႈန္း ေလးေတြ ေရးေပးထားတယ္ေနာ္… ;)
ဆိုင္လိပ္စာ - မစၥတာထံုခ်ိဳင္းေကြ႔တီယို၊ ပဒုမၼာလမ္းမ၊ မဂၤလာလမ္းၾကား၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရန္ကုန္။
ဆိုင္ဖြင့္ခ်ိန္ - မနက္ (၉) - ည (၉)
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
Unicode
စမ်းချောင်းထဲက နာမည်ကြီး ကွေ့တီယို
စမ်းချောင်းက ဆိုင်ကောငး်ကောငး်လေးတွေ ရေးပါဦး လို့
ပြောနေကြတဲ့ အစားတစ်လိုင်းတို့ အတွက် နာမည်ကြီး
ကွေ့တီယိုဆိုင်လေးအကြောင်းပြောပြရဦးမယ်… :-)
အခုတလော စမ်းချောင်းမှာ ဆိုင်အသစ်တွေ အများကြီးဖွင့်လာတာ တွေ့ရတယ်...
ဒါပေမယ့် ဒီဆိုင်လေးကတော့ ဟိုးအရင်ကတည်းက စားကောငး်လို့ နာမည်ကြီး လူသိများပြီးသားလေးပေါ့…
အဲ့ဆိုင်မှာ အက်မင်တို့ကြိုက်တာတွေကတော့ ကွေ့တီယို၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ကြက်ခြေထောက်ချဉ်စပ်၊ တို့ဟူးကြော်၊ ဘဲဥပေါင်း.. တခြားဟာတွေတော့ မစားကြည့်ရသေးဘူးရယ်။ ဒီဆိုင်လေးရဲ့ ကွေ့တီယို အရသာက ထိုင်းအရသာ ပူပူစပ်စပ်လေးနဲ့ စားလို့ကောင်းပြီး တို့ဟူးကြော်၊ ဘဲဥပေါင်း တို့က အချဉ်ရည်လေးနဲ့ တော်တော်လိုက်ဖက်တယ်…အက်မင်ကတော့ စားနေကြမဟုတ်လို့လားမသိ ဘဲဥပေါင်းကို အနည်းငယ်ငံတယ်လို့ထင်တယ်၊ သူငယ်ချင်းတွေကတော့ ကြိုက်ကြတယ်။ သောက်စရာအနေနဲ့ အသီးဖျော်ရည်တွေလည်း မျိုးစုံရပါတယ်...ပြီးတော့ ဒီဆိုင်လေးမှာ ဆန်ပြုတ်လည်းရသေးတယ်ဗျ...
ဆိုင်နာမည်က မစ္စတာထုံချိုင်း တဲ့…
အိမ်ဆိုင်လေးဆိုတော့ အပြင်အဆင်ကတော့ ဒီဇိုင်း ဘာညာ ကာလာ အနေအထား သိပ်မရျွိင်းထားဘူးဗျ..
ဒါပေမယ့် အရသာကတော့ ရှယ်ကောင်းတယ်… ညနေမှောင်ရီပျိုးရင် ခြင်လေးဆွဲတာတော့ ရှိတာပေါ့ဗျာ… :D :D
စမ်းချောင်း Spirit ဘေးလမ်း (ပဒုမ္မာလမ်း) ကနေဝင်ပြီး ချစ်တီးစားသောက်ဆိုင်ရှေ့ရောက်ရင် ပထမဆုံးတွေ့ရတဲ့ လမ်းကြားလေး (မင်္ဂလာလမ်း) ထဲ ချိုးတာနဲ့ ညာဘက်မှာ တွေ့ရမယ်ခင်ဗျ… ;) မျက်နှာချင်းဆိုင်မှာ Simple ဆိုတဲ့ ဆိုင်လေးရှိတယ်...
အစားတစ်လိုင်းတို့ ထုံးစံအတိုင်း ပုံလေးတွေ တစ်ပုံချင်းစီအောက်မှာလည်း စျေးနှုန်း လေးတွေ ရေးပေးထားတယ်နော်… ;)
ဆိုင်လိပ်စာ - မစ္စတာထုံချိုင်းကွေ့တီယို၊ ပဒုမ္မာလမ်းမ၊ မင်္ဂလာလမ်းကြား၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဆိုင်ဖွင့်ချိန် - မနက် (၉) - ည (၉)
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#Tomyum #Noodle #Tofu #တံုယမ္း #ေကြ႔တီယို #တို႔ဟူး #စမ္းေခ်ာင္း
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Wednesday, October 4, 2017

Shopping ထြက္ရင္း ဗိုက္ဆာတဲ့အခါ ဆဲြလို႔ေကာင္းတဲ့ ထိုင္းအရသာ Love Boat ေခါက္ဆဲြ


Shopping ထြက္ရင္း ဗိုက္ဆာတဲ့အခါ ဆဲြလို႔ေကာင္းတဲ့ ထိုင္းအရသာ Love Boat ေခါက္ဆဲြ
Thai Boat Noodle Beef ထိုင္းစတိုင္အမဲသားေခါက္ဆြဲ
ထိုင္းစတိုင္ဆိုတဲ့အတိုင္း အရသာ စပ္စပ္ျပဲျပဲ အမဲေခါက္ဆြဲေလးပါ…
ၿပီးေတာ့ သူက ဒီဆိုင္ရဲ႕ Signature ေခါက္ဆြဲေလးလည္း ျဖစ္တာေပါ့...
အရသာက ေကြ႕တီယိုလုိ ပံုစံမ်ိဳးပါပဲ… သူ႔ကို အမဲသားနဲ႕တဲြဖက္စားရတာ
တကယ္ကို လိုက္ဖက္ပါတယ္… အရည္ေရာ၊ အဖတ္ေရာ ႏွစ္မ်ိဳးစလံုး
စားလို႔ရၿပီး… ထိုင္ပင္စိမ္း အန႔ံသင္းသင္းေလးနဲ႔ ေမႊးေနတာပဲဗ်… အမဲသား
အရသာကလည္း ႏူးညံ့ျပီး စားလို႔ေကာင္းတယ္၊ ဆန္စီး၊ ဆန္ျပား ၾကိဳက္တာ
ေရြးလုိ႔ရတယ္၊ အက္မင္ေတာ့ အျပားၾကိဳက္ေတာ့ ေခါက္ဆြဲအျပားနဲ႔စားျဖစ္တယ္…. ;)
Tom Yum Minced Pork Noodle
တံုယမ္းေခါက္ဆြဲ ကို ဝက္စဥ္းေကာနဲ႔ ဆိုေတာ့ ေတာ္ေတ္ာေလးကို စားေကာင္းတယ္ဗ်...
အရသာကေတာ့ ခ်ဥ္ခ်ဥ္စပ္စပ္ေလးနဲ႔ အက္မင္ထိုင္းမွာစားခဲ့တဲ့ အရသာေလးအတိုင္းပါပဲ...
ဝက္သားေလးေတြကို ႏုတ္ႏုတ္စဥ္း ထားေတာ့ အသားက စားလိုက္တာနဲ႔ ေပ်ာ္ဝင္သြား
တာမ်ိဳးဗ်ာ… အစပ္ၾကိဳက္တဲ့ သူဆိုရင္ေတာ့ အစပ္ေတြထပ္ထည့္လို႔ရေအာင္
ခ်ဥ္ ငန္ စပ္ အႏွစ္ေတြကိုလည္း ခ်ထားေပးပါတယ္...
Ice Green Tea လက္ဖက္ရည္စိမ္းေအး အခ်ိဳရည္ေလးရဲ႕ အရသာေလးက ခ်ိဳခ်ိဳစိမ့္စိမ့္ေလးနဲ႔ ေတာ္ေတာ္ေကာင္းတယ္… အခ်ိဳသိပ္ မၾကိဳက္ရင္ေတာ့ အခ်ိဳေလ်ာ့ေပးမယ္ေျပာပါတယ္...
Blue Ocean ေလးကလည္း ေသာက္လိုက္တာနဲ႔ ပင္လယ္ျပာေလးထဲေရာက္သြားသလို ရင္ထဲကို ေအးျမသြားတာမ်ား So good ဗ်ာ… ;)
Tom Yum Pork Rib ၀က္နံရိုးတံုယမ္းေခါက္ဆဲြ
ငါးဖယ္လံုးေလးေတြရယ္၊ ၀က္နံရိုးေလးေတြရယ္၊ ၾကက္ဥရယ္၊ ဖက္ထုပ္ေၾကာ္ေလးရယ္၊
ဆလတ္ရြက္ေလးရယ္၊ ၾကက္သြန္မိတ္ဖတ္ေလးေတြရယ္၊ ၾကက္သြန္ေၾကာ္ေလးေတြရယ္
နဲ႔ စံုုစံုလင္လင္ေလး စားခ်င္စားဖြယ္ ျပင္ဆင္ေပးထားတာဗ်… လွ်ာေပၚတင္ အရသာ
မခံစားရခင္မွာပဲ အျပင္အဆင္ေလးနဲ႔တင္ သေဘာက်ႏွစ္ၿခိဳက္မိတာ အမွန္ဗ်ာ… ဆန္စီးဖတ္ေလးေတြကလည္း ေပ်ာ့ေပ်ာ့အိအိနဲ႔ စားလို႔ သိပ္ကိုေကာင္းသလို၊
အရည္ေသာက္ေလးကလည္း ခ်ဥ္ၿပံဳးၿပံဳးေလးမို႔ အေတာ္ေလး ခံတြင္းလိုက္တယ္ဗ်ာ… ;)
အက္မင္စားဖူးသမွ် တံုယမ္းေခါက္ဆဲြေတြထဲမွာ ဒီအရသာေလးကိုေတာ့ အေတာ္ေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျဖစ္ရပါတယ္...
အခ်ိဳရည္ထဲမွာဆိုရင္ ထူးထူးျခားျခား Lovely Punch ေလးမွာေသာက္ျဖစ္တယ္…
ခ်ယ္ရီသီးအရသာေလးကို Soda ေလးနဲ႔ တဲြဖက္ေဖ်ာ္စပ္ထားတာက
အေမာလည္းေျပသလို၊ ခံတြင္းရွင္းၿပီး စိတ္ၾကည္လင္
လန္းဆန္းေစပါတယ္… :-)
**
အစားတစ္လိုင္းတို႔ ထံုးစံအတိုင္း ပံုေလးေတြ တစ္ပံုခ်င္းစီေအာက္မွာလည္း
ေစ်းႏႈန္းနဲ႔ Caption ေလးေတြ ေရးထားေပးတယ္ေနာ္…
=>> ဆိုင္ေၾကာ္ျငာလုပ္ေပးျခင္းမဟုတ္ပါ… အက္မင္တို႔
ကိုယ့္ဟာကိုယ္ စားေသာက္ခဲ့ၿပီး ႀကိဳက္ႏွစ္သက္၍
အစားအေသာက္ခ်စ္သူ အစားတစ္လိုင္းတို႔ကို အညႊန္းေရးကာ ေ၀မွ်ေပးျခင္းသာ !!!
ဆိုင္လိပ္စာ - Tamwe Ocean Super Center, Ground Floor.
ဆိုင္ခြဲ - Pyay Road , City Mart (ရွင္ေစာပုလမ္း)
ဆိုင္ဖြင့္ခ်ိန္ - 9:00AM to 9:00PM
(Unicode)
Shopping ထွက်ရင်း ဗိုက်ဆာတဲ့အခါ ဆွဲလို့ကောင်းတဲ့ ထိုင်းအရသာ Love Boat ခေါက်ဆွဲ
Thai Boat Noodle Beef ထိုင်းစတိုင်အမဲသားခေါက်ဆွဲ
ထိုင်းစတိုင်ဆိုတဲ့အတိုင်း အရသာ စပ်စပ်ပြဲပြဲ အမဲခေါက်ဆွဲလေးပါ…
ပြီးတော့ သူက ဒီဆိုင်ရဲ့ Signature ခေါက်ဆွဲလေးလည်း ဖြစ်တာပေါ့...
အရသာက ကွေ့တီယိုလို ပုံစံမျိုးပါပဲ… သူ့ကို အမဲသားနဲ့တွဲဖက်စားရတာ
တကယ်ကို လိုက်ဖက်ပါတယ်… အရည်ရော၊ အဖတ်ရော နှစ်မျိုးစလုံး
စားလို့ရပြီး… ထိုင်ပင်စိမ်း အန့ံသင်းသင်းလေးနဲ့ မွှေးနေတာပဲဗျ… အမဲသား
အရသာကလည်း နူးညံ့ပြီး စားလို့ကောင်းတယ်၊ ဆန်စီး၊ ဆန်ပြား ကြိုက်တာ
ရွေးလို့ရတယ်၊ အက်မင်တော့ အပြားကြိုက်တော့ ခေါက်ဆွဲအပြားနဲ့စားဖြစ်တယ်…. ;)
Tom Yum Minced Pork Noodle
တုံယမ်းခေါက်ဆွဲ ကို ဝက်စဉ်းကောနဲ့ ဆိုတော့ တော်တေ်ာလေးကို စားကောင်းတယ်ဗျ...
အရသာကတော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အက်မင်ထိုင်းမှာစားခဲ့တဲ့ အရသာလေးအတိုင်းပါပဲ...
ဝက်သားလေးတွေကို နုတ်နုတ်စဉ်း ထားတော့ အသားက စားလိုက်တာနဲ့ ပျော်ဝင်သွား
တာမျိုးဗျာ… အစပ်ကြိုက်တဲ့ သူဆိုရင်တော့ အစပ်တွေထပ်ထည့်လို့ရအောင်
ချဉ် ငန် စပ် အနှစ်တွေကိုလည်း ချထားပေးပါတယ်...
Ice Green Tea လက်ဖက်ရည်စိမ်းအေး အချိုရည်လေးရဲ့ အရသာလေးက ချိုချိုစိမ့်စိမ့်လေးနဲ့ တော်တော်ကောင်းတယ်… အချိုသိပ် မကြိုက်ရင်တော့ အချိုလျော့ပေးမယ်ပြောပါတယ်...
Blue Ocean လေးကလည်း သောက်လိုက်တာနဲ့ ပင်လယ်ပြာလေးထဲရောက်သွားသလို ရင်ထဲကို အေးမြသွားတာများ So good ဗျာ… ;)
Tom Yum Pork Rib ၀က်နံရိုးတုံယမ်းခေါက်ဆွဲ
ငါးဖယ်လုံးလေးတွေရယ်၊ ၀က်နံရိုးလေးတွေရယ်၊ ကြက်ဥရယ်၊ ဖက်ထုပ်ကြော်လေးရယ်၊
ဆလတ်ရွက်လေးရယ်၊ ကြက်သွန်မိတ်ဖတ်လေးတွေရယ်၊ ကြက်သွန်ကြော်လေးတွေရယ်
နဲ့ စုုံစုံလင်လင်လေး စားချင်စားဖွယ် ပြင်ဆင်ပေးထားတာဗျ… လျှာပေါ်တင် အရသာ
မခံစားရခင်မှာပဲ အပြင်အဆင်လေးနဲ့တင် သဘောကျနှစ်ခြိုက်မိတာ အမှန်ဗျာ… ဆန်စီးဖတ်လေးတွေကလည်း ပျော့ပျော့အိအိနဲ့ စားလို့ သိပ်ကိုကောင်းသလို၊
အရည်သောက်လေးကလည်း ချဉ်ပြံုးပြံုးလေးမို့ အတော်လေး ခံတွင်းလိုက်တယ်ဗျာ… ;)
အက်မင်စားဖူးသမျှ တုံယမ်းခေါက်ဆွဲတွေထဲမှာ ဒီအရသာလေးကိုတော့ အတော်လေး နှစ်နှစ်ခြိုက်ခြိုက်ဖြစ်ရပါတယ်...
အချိုရည်ထဲမှာဆိုရင် ထူးထူးခြားခြား Lovely Punch လေးမှာသောက်ဖြစ်တယ်…
ချယ်ရီသီးအရသာလေးကို Soda လေးနဲ့ တွဲဖက်ဖျော်စပ်ထားတာက
အမောလည်းပြေသလို၊ ခံတွင်းရှင်းပြီး စိတ်ကြည်လင်
လန်းဆန်းစေပါတယ်… :-)
**
အစားတစ်လိုင်းတို့ ထုံးစံအတိုင်း ပုံလေးတွေ တစ်ပုံချင်းစီအောက်မှာလည်း
စျေးနှုန်းနဲ့ Caption လေးတွေ ရေးထားပေးတယ်နော်…
=>> ဆိုင်ကြော်ငြာလုပ်ပေးခြင်းမဟုတ်ပါ… အက်မင်တို့
ကိုယ့်ဟာကိုယ် စားသောက်ခဲ့ပြီး ကြိုက်နှစ်သက်၍
အစားအသောက်ချစ်သူ အစားတစ်လိုင်းတို့ကို အညွှန်းရေးကာ ဝေမျှပေးခြင်းသာ !!!
ဆိုင်လိပ်စာ - Tamwe Ocean Super Center, Ground Floor.
ဆိုင်ခွဲ - Pyay Road , City Mart (ရှင်စောပုလမ်း)
ဆိုင်ဖွင့်ချိန် - 9:00AM to 9:00PM
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#LoveBoat #OceanShweGoneDaing #Tomyum #Noodle #Pork #Beef #အစားတစ်လိုင်း #တုံယမ်း #ခေါက်ဆွဲ #၀က်သား #အမဲသား #၀က်နံရိုး #ကွေ့တီယို
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Friday, September 29, 2017

Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလး


အစားတစ္လုိင္းတို႔ေရ...
ေဆာင္းဝင္လာျပီဆိုေတာ့ ေခါက္ဆဲြ ပူပူစပ္စပ္ေလးေတြ စားလုိ႔ရတဲ့
ဂ်ပန္ေခါက္ဆြဲဆိုင္ေလး အေၾကာင္းေျပာျပမယ္ေနာ္ …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆုိင္ေလးပါ။
တခ်ိဳ႕က ဒီဆုိင္ကို သိၾကေပမယ့္ သူ႔ဆီက စားလို႔ေကာင္းတဲ့ အစားအေသာက္ေတြ အေၾကာင္းေတာ့ အသိနည္းၾကတယ္။
အဓိက ညႊန္းခ်င္တာကေတာ့ ပူပူစပ္စပ္ ေလးနဲ႔ အရသာထူးျခားတဲ့ Spicy Ramen ပဲျဖစ္ပါတယ္။ ပံုမွန္ဆိုရင္ Ramen လို႔ေျပာလုိက္တာနဲ႔ ခ်ိဳခ်ိဳဆိမ့္ဆိမ့္ ဂ်ပန္ေခါက္ဆြဲ အရသာမ်ိဳးလို႔ ထင္ထားတာ။ အခု Spicy Ramen ကေတာ့ ေခါက္ဆြဲသားႏူးညံ႔ျပီး အရည္ေရာအဖတ္ေရာစားလို႔ရတယ္၊ ပူပူစပ္စပ္အရသာ ရိွလို႔ လူတိုင္းအၾကိဳက္ေတြ႔ေစမွာပါ။
ေနာက္ထပ္ဟင္းပဲြတစ္ခု Katsu Don ေလးကေတာ့ ထမင္းကို ၾကက္ဥေပါင္းႏွင့္ ေရာထားျပီး ၾကက္သားေၾကာ္ ေလးန႔ဲ တဲြဖက္စားသံုးရတာပါ။ ၾကက္သားကို မုန္႔အႏွစ္နဲ႔ အၾကြပ္ေၾကာ္ ထားေတာ့ တမူထူးျခားေနတာေပါ့ေနာ္…
Kimchi Nabe Udon ကေတာ့ ေခါက္ဆြဲလံုး ၾကီးၾကီးကို Seafood၊ အသားလံုး၊ မိႈအစံုအလင္နဲ႔ ေတာ္ေတာ္ အရသာရိွလွတယ္ဗ် ။ Seafood မၾကိဳက္တဲ့သူေတြအတြက္ ၾကက္သားနဲ႔လည္း မွာစားလို႔ရပါတယ္။
Gyoza လို႔ေခၚတဲ့ ဝက္သားဖက္ထုပ္ေၾကာ္ ဆိုတာေလးလည္း ရိွပါေသးတယ္။ ထူးျခားတာက ဖက္ထုပ္ေၾကာ္ကို ဘယ္အေအးနဲ႔မဆို တြဲဖက္စားဖို႔ အတြက္ 1200 ပဲေပးရမွာပါ။ Chashu (ဝက္သားျပားေပါင္း) ကေတာ့ ႏူးႏူးအိအိ ေလးနဲ႔ စားလို႔ ေကာင္းတယ္။
ေနာက္ျပီးေတာ့ ခ်စ္စရာ Marshmallow ေလးေတြနဲ႔ျပဳလုပ္ထားတဲ့ Home-made ေရခဲမုန္႔ေလးေတြ ကေတာ့ အက္မင္တို႔ အၾကိဳက္ေပါ့။
ဒီဆုိင္ကို အစားတစ္လုိင္းက သိရတာလို႔ေျပာရင္ Discount ေပးဦးမွာေနာ္ 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) တို႔ အတြက္ 10% Discount ရမွာပါ…
Ramen Monster ရဲ႕ အစဥ္အလာမပ်က္ Ramen Challenge ဆိုတာလည္းရိွပါေသးတယ္။
Ramen ပြဲၾကီးတစ္ပြဲကို မိနစ္ႏွစ္ဆယ္ အတြင္း ကုန္ေအာင္ စားႏုိ္င္မယ္ဆိုရင္ ေနာက္တစ္ၾကိမ္စားသံုးခြင့္ ၈၅၀၀ တန္ Cupon တစ္ေစာင္ကို ရရိွမွာေနာ္..။
အခုဆိုရင္ ျမန္မာပလာဇာ Food City မွာလည္း ဆုိင္ခြဲအသစ္ေရာက္ရိွ​​​ေနပာျပီေနာ္…
ဆုိင္လိပ္စာ - Junction Mawtin ေျမညီထပ္ (KFC ေဘး)
ဆုိင္ခြဲမ်ား - Hledan Center ၊ Myanmar Plaza
ဆုိင္ဖြင့္ခ်ိန္ - 10:30AM – 9:00AM
(Unicode)
အစားတစ်လိုင်းတို့ရေ...
ဆောင်းဝင်လာပြီဆိုတော့ ခေါက်ဆွဲ ပူပူစပ်စပ်လေးတွေ စားလို့ရတဲ့
ဂျပန်ခေါက်ဆွဲဆိုင်လေး အကြောင်းပြောပြမယ်နော် …
Junction Mawtin က Ramen Monster ဆိုတဲ့ ဆိုင်လေးပါ။
တချို့က ဒီဆိုင်ကို သိကြပေမယ့် သူ့ဆီက စားလို့ကောင်းတဲ့ အစားအသောက်တွေအကြောင်းတော့ အသိနည်းကြတယ်..
အဓိက ညွှန်းချင်တာကတော့ ပူပူစပ်စပ် လေးနဲ့ အရသာထူးခြားတဲ့ Spicy Ramen ပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Ramen လို့ပြောလိုက်တာနဲ့ ချိုချိုဆိမ့်ဆိမ့် ဂျပန်ခေါက်ဆွဲ အရသာမျိုးလို့ ထင်ထားတာ။ အခု Spicy Ramen ကတော့ ခေါက်ဆွဲသားနူးညံ့ပြီး အရည်ရောအဖတ်ရောစားလို့ရတယ်၊ ပူပူစပ်စပ်အရသာ ရှိလို့ လူတိုင်းအကြိုက်တွေ့စေမှာပါ..
နောက်ထပ်ဟင်းပွဲတစ်ခု Katsu Don လေးကတော့ ထမင်းကို ကြက်ဥပေါင်းနှင့် ရောထားပြီး ကြက်သားကြော် လေးနဲ့ တွဲဖက်စားသုံးရတာပါ။ ကြက်သားကို မုန့်အနှစ်နဲ့ အကြွပ်ကြော် ထားတော့ တမူထူးခြားနေတာပေါ့နော်…
Kimchi Nabe Udon ကတော့ ခေါက်ဆွဲလုံး ကြီးကြီးကို Seafood၊ အသားလုံး၊ မှိုအစုံအလင်နဲ့ တော်တော် အရသာရှိလှတယ်ဗျ ။ Seafood မကြိုက်တဲ့သူတွေအတွက် ကြက်သားနဲ့လည်း မှာစားလို့ရပါတယ်။
Gyoza လို့ခေါ်တဲ့ ဝက်သားဖက်ထုပ်ကြော် ဆိုတာလေးလည်း ရှိပါသေးတယ်။ ထူးခြားတာက ဖက်ထုပ်ကြော်ကို ဘယ်အအေးနဲ့မဆို တွဲဖက်စားဖို့ အတွက် 1200 ပဲပေးရမှာပါ.. Chashu (ဝက်သားပြားပေါင်း) ကတော့ နူးနူးအိအိ လေးနဲ့ စားလို့ ကောင်းတယ်..
နောက်ပြီးတော့ ချစ်စရာ Marshmallow လေးတွေနဲ့ပြုလုပ်ထားတဲ့ Home-made ရေခဲမုန့်လေးတွေ ကတော့ အက်မင်တို့ အကြိုက်ပေါ့။
ဒီဆိုင်ကို အစားတစ်လိုင်းက သိရတာလို့ပြောရင် Discount ပေးဦးမှာနော် 😍😍
Special Menu (Spicy Ramen, Tonkatsu Ramen, Negi Ramen) အတွက် 10% Discount ရမှာပါ…
Ramen Monster ရဲ့ အစဉ်အလာမပျက် Ramen Challenge ဆိုတာလည်းရှိပါသေးတယ်။
Ramen ပွဲကြီးတစ်ပွဲကို မိနစ်နှစ်ဆယ် အတွင်း ကုန်အောင် စားနို်င်မယ်ဆိုရင် နောက်တစ်ကြိမ်စားသုံးခွင့် ၈၅၀၀ တန် Cupon တစ်စောင်ကို ရရှိမှာနော်..
အခုဆိုရင် မြန်မာပလာဇာ Food City မှာလည်း ဆိုင်ခွဲအသစ်ရောက်ရှိပါပြီနော်…
ဆိုင်လိပ်စာ - Junction Mawtin မြေညီထပ် (KFC ဘေး)
ဆိုင်ခွဲများ - Hledan Center ၊ Myanmar Plaza
ဆိုင်ဖွင့်ချိန် - 10:30AM – 9:00AM
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #JunctionMawtin #Myanmar #Ramen #Noodle #Spicy #Kimchi #အစားတစ္လိုင္း #ဂ်ပန္ #ေခါက္ဆဲြ #ခ်ဥ္စပ္
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Friday, September 22, 2017

၀က္သားတုတ္ထိုးမလား? ၾကာဇံေၾကာ္ေလးစားမလား… ကိုႀကီးကိုသြား :D


၀က္သားတုတ္ထိုးမလား? ၾကာဇံေၾကာ္ေလးစားမလား… ကိုႀကီးကိုသြား :D
အသီးမွာ သရက္၊ အသားမွာ ၀က္ဆိုသလို… ၀က္သားမႀကိဳက္လွသူက
ခပ္မ်ားမ်ားထင္ပါတယ္… ဒီလိုပဲ ၀က္သားတုတ္ထိုးဆိုရင္ အသည္းစဲြခိုက္တဲ့
ကိုကို၊မမတို႔လည္း မ်ားလွမယ္ထင္မိဗ်… ;)
ဒီေတာ့ အက္မင္တို႔က အႀကိဳက္တူသူေတြကို ညႊန္းခ်င္တာက
ဒီရက္ပိုင္း စားျဖစ္ခဲ့တဲ့ ေရလည္မိုက္တဲ့ ၀က္သားနဲ႔ၾကာဇံဆိုင္ေလး
အေၾကာင္း ေျပာျပဦးမယ္ အစားတစ္လိုင္းတို႔ေရ…
ဆိုင္နာမည္က ကိုႀကီးတဲ့… ဆိုင္အျပင္အဆင္က တခမ္းတနားႀကီး
မဟုတ္ေပမယ့္ အရသာနဲ႔ ေစတနာကေတာ့ တကယ္လက္ဖ်ားခါတယ္…
ကိုႀကီးဆီမွာ… ၾကာဇံတို႔၊ ၀က္သားတို႔အျပင္၊ ေခါက္ဆဲြ၊ ေကာ္ျပန္႔ေၾကာ္၊
ေကာ္ျပန္႔စိမ္းတို႔နဲ႔ ဘဲဥေပါင္းဆိုၿပီး စားခ်င္စရာေတြ အစံုရတယ္…
အဲ့ေတာ့ အက္မင္တို႔လည္း ေရငတ္တုန္း ေရတြင္းထဲက်ဆိုသလို
ကိုႀကီးဆီမွာ., ဆာဆာနဲ႔ တီးျဖစ္လိုက္ၾကတယ္… :D
၀က္သားအစံုတစ္ပဲြမွာလိုက္တာ အေတာ္ေလးမ်ားတယ္… အရသာကလည္း
ပံုမွန္တုတ္ထိုးေတြထက္ကိုေကာင္းတယ္ဗ်ာ… တကယ့္ကို ရွလြတ္ဖြယ္ပဲ… :P
ေကာ္ျပန္႔မွာဆိုရင္ အစိမ္းနဲ႔အေၾကာ္ (၂)မ်ိဳဳးရတယ္… အေၾကာ္က
ကၽြတ္ကၽြတ္ရြရြေလးနဲ႔ တစ္မ်ိဳး အရသာရိွသလို… အစိမ္းကလည္း
ေပ်ာ့ေပ်ာ့အိအိေလးနဲ႔ စားေကာင္းျပန္ေရာဗ်… ;)
ဥဆိုရင္ လာထားဆိုတဲ့ ဥႀကိဳက္သူေတြအတြက္ကေတာ့
ဘဲဥေပါင္းတစ္လံုးမွ ၃၀၀ဆိုေတာ့ ၂လံုးေလာက္ မွာလိုက္ရင္ကို
အပီဆဲြလို႔ရတယ္ဗ်…
ၾကာဇံေၾကာ္တို႔၊ ေခါက္ဆဲြေၾကာ္တို႔ကို အသီးအရြက္ေလးနဲ႔
သက္သက္လြတ္ေၾကာ္ထားေပးတာဗ်ာ… အခ်ဥ္ရည္ေလးနဲ႔
ငရုပ္သီးမႈန္႔ေလးနဲ႔ ေရာၿပီး စားလိုက္တာ ရွယ္ပဲဗ်ာ…
အရည္ေသာက္အေနနဲ႔ ဟင္းခ်ိဳရည္ေလးကလည္း ေက်ာက္ဖရံုသီးကို
တရုတ္နံနံေလးနဲ႔ ခ်က္ထားတာမို႔ က်န္းမာေရးအတြက္လည္းေကာင္းတယ္ဆိုပဲဗ်… ;)
ဆိုေတာ့ဗ်ာ… အစားကို ၀၀နဲ႔ အႀကိဳက္စားခ်င္တယ္ဆိုရင္ေတာ့
ကိုႀကီးဆီသာ သြားလိုက္ပါေတာ့… သြားလိုက္ပါေတာ့ဗ်ာ… ;) :D :P :-)
ပံုေအာက္က Caption ေလးေတြဖတ္ရင္း သားေရယိုသြားၾကဦးေနာ့္ ;)
စားမွာပဲ၊ ၀ါးမွာပဲဆိုတဲ့ သူငယ္ခ်င္းေတြကိုလည္း mention ေခၚလိုက္ပါဦးလို႔… :D
:-)
ဆိုင္ဖြင့္ခ်ိန္ - ေန႔ခင္း 12:30 မွ ည 8:30 အထိ
ဆိုင္လိပ္စာ - အမွတ္ - ၁၄၂၊ ၃၇ လမ္း၊ မဟာဗႏၶဳလလမ္းထိပ္၊ ရန္ကုန္
ဖုန္းနံပါတ္ - 09-5100532, 09-795100532
(Unicode)
၀က်သားတုတ်ထိုးမလား? ကြာဇံကြော်လေးစားမလား… ကိုကြီးကိုသွား :D
အသီးမှာ သရက်၊ အသားမှာ ၀က်ဆိုသလို… ၀က်သားမကြိုက်လှသူက
ခပ်များများထင်ပါတယ်… ဒီလိုပဲ ၀က်သားတုတ်ထိုးဆိုရင် အသည်းစွဲခိုက်တဲ့
ကိုကို၊မမတို့လည်း များလှမယ်ထင်မိဗျ… ;)
ဒီတော့ အက်မင်တို့က အကြိုက်တူသူတွေကို ညွှန်းချင်တာက
ဒီရက်ပိုင်း စားဖြစ်ခဲ့တဲ့ ရေလည်မိုက်တဲ့ ၀က်သားနဲ့ကြာဇံဆိုင်လေး
အကြောင်း ပြောပြဦးမယ် အစားတစ်လိုင်းတို့ရေ…
ဆိုင်နာမည်က ကိုကြီးတဲ့… ဆိုင်အပြင်အဆင်က တခမ်းတနားကြီး
မဟုတ်ပေမယ့် အရသာနဲ့ စေတနာကတော့ တကယ်လက်ဖျားခါတယ်…
ကိုကြီးဆီမှာ… ကြာဇံတို့၊ ၀က်သားတို့အပြင်၊ ခေါက်ဆွဲ၊ ကော်ပြန့်ကြော်၊
ကော်ပြန့်စိမ်းတို့နဲ့ ဘဲဥပေါင်းဆိုပြီး စားချင်စရာတွေ အစုံရတယ်…
အဲ့တော့ အက်မင်တို့လည်း ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို
ကိုကြီးဆီမှာ., ဆာဆာနဲ့ တီးဖြစ်လိုက်ကြတယ်… :D
၀က်သားအစုံတစ်ပွဲမှာလိုက်တာ အတော်လေးများတယ်… အရသာကလည်း
ပုံမှန်တုတ်ထိုးတွေထက်ကိုကောင်းတယ်ဗျာ… တကယ့်ကို ရှလွတ်ဖွယ်ပဲ… :P
ကော်ပြန့်မှာဆိုရင် အစိမ်းနဲ့အကြော် (၂)မျိုုးရတယ်… အကြော်က
ကျွတ်ကျွတ်ရွရွလေးနဲ့ တစ်မျိုး အရသာရှိသလို… အစိမ်းကလည်း
ပျော့ပျော့အိအိလေးနဲ့ စားကောင်းပြန်ရောဗျ… ;)
ဥဆိုရင် လာထားဆိုတဲ့ ဥကြိုက်သူတွေအတွက်ကတော့
ဘဲဥပေါင်းတစ်လုံးမှ ၃၀၀ဆိုတော့ ၂လုံးလောက် မှာလိုက်ရင်ကို
အပီဆွဲလို့ရတယ်ဗျ…
ကြာဇံကြော်တို့၊ ခေါက်ဆွဲကြော်တို့ကို အသီးအရွက်လေးနဲ့
သက်သက်လွတ်ကြော်ထားပေးတာဗျာ… အချဉ်ရည်လေးနဲ့
ငရုပ်သီးမှုန့်လေးနဲ့ ရောပြီး စားလိုက်တာ ရှယ်ပဲဗျာ…
အရည်သောက်အနေနဲ့ ဟင်းချိုရည်လေးကလည်း ကျောက်ဖရုံသီးကို
ပူစီနံလေးနဲ့ ချက်ထားတာမို့ ကျန်းမာရေးအတွက်လည်းကောင်းတယ်ဆိုပဲဗျ… ;)
ဆိုတော့ဗျာ… အစားကို ၀၀နဲ့ အကြိုက်စားချင်တယ်ဆိုရင်တော့
ကိုကြီးဆီသာ သွားလိုက်ပါတော့… သွားလိုက်ပါတော့ဗျာ… ;) :D :P :-)
ပုံအောက်က Caption လေးတွေဖတ်ရင်း သားရေယိုသွားကြဦးနော့် ;)
စားမှာပဲ၊ ၀ါးမှာပဲဆိုတဲ့ သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦးလို့… :D
Opening hour : 12:30 PM - 8:30 PM
ဆိုင်လိပ်စာ - အမှတ်(142)၊ (37)လမ်း၊ မဟာဗန္ဓုလလမ်းထိပ်၊ ပန်းဆိုးတန်း။
ဖုန်းနံပါတ် - 09-5100532, 09-795100532
#AsarTaLine #FoodReview #FoodLover #Foodie #Yummy #Delicious #Myanmar
#Vermicelli #Noodle #PorkStick #PanRoll #အစားတစ်လိုင်း #ကော်ပြန့် #၀က်သား #ခေါက်ဆွဲ #ကြာဇံ #ပန်းဆိုးတန်း
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com
www.asartaline.blogspot.com
www.facebook.com/asartaline
www.instagram.com/asartaline
asartaline.foodreview@gmail.com

Friday, June 16, 2017

ခံစားမႈရသစံုေပးတဲ့ Gallery Café







ခံစားမႈရသစံုေပးတဲ့ Gallery Café

အစားတစ္လိုင္းတို႔ေရ…
ေနရာတိုင္းမွာ ရိွတဲ့အလွအပတရားေတြကို ခံစားႏိုင္ဖို႔အတြက္ စကၡဳအာရံု မ်က္၀န္းအစံုလိုသလို စိတ္တံခါးေပါက္ကို ဖြင့္ၾကည့္တတ္ဖို႔လည္း လိုမယ္ေနာ္… လူက်န္းမာဖို႔အတြက္ အစားအေသာက္ အာဟာရ လိုအပ္သလို… စိတ္ခ်မ္းသာက်န္းမာဖို႔အတြက္လည္း ခ်စ္ျခင္းေမတၱာေတြနဲ႔အတူ လွပမႈေတြ
လႊမ္းၿခံဳေနတဲ့ အႏုပညာဓါတ္ေတြကို ခံစားတတ္ဖို႔လိုတယ္လို႔ ဖတ္ခဲ့ဖူးပါတယ္...

လူလည္း က်န္းမာ၊ စိတ္လည္းခ်မ္းသာ ျဖစ္ဖို႔ရာ သန္႔ရွင္းလတ္ဆတ္တဲ့
အစားအေသာက္ အာဟာရေတြဟာလည္း အဓိကက်ပါတယ္… ဒီလို သန္႔ရွင္းလတ္ဆတ္ၿပီး အႏုအလွေတြဖံုးလႊမ္းေနတဲ့ေနရာေလးတစ္ခု
အေၾကာင္းကို ေျပာျပခ်င္ပါတယ္…

ရန္ကုန္ၿမိဳ႕ရဲ႕ အထင္ကရေနရာေလးတစ္ခုျဖစ္တဲ့ အင္းလ်ားလမ္းထဲက အႏုပညာလက္ရာေတြ ျပည့္ႏွက္ေနတဲ့ Gallery Café ပါပဲ... ဆိတ္ၿငိမ္ရပ္ကြက္ထဲက ၿခံ၀န္းက်ယ္ေလးထဲမွာ ပန္းခ်ီျပခန္းေကာ္ဖီဆိုင္ေလးအျဖစ္ ဖြင့္ထားတာေပါ့ဗ်ာ… ဆိုင္ေလးထဲ၀င္လိုက္တာနဲ႔ ေအးခ်မ္းတဲ့ ခံစားမႈေလးကို ဦးဆံုးခံစားလိုက္ရတယ္…

ဆိုင္အတြင္း အခန္းေလးထဲမွာလည္း ေကာ္ဖီေသာက္ရင္း အခန္းနံရံပတ္ပတ္လည္က ပန္းခ်ီကားခ်ပ္ေတြကို ၾကည့္ရွဳခံစားရင္း တစိမ့္စိမ့္ေတြးေတာ စီးေမ်ာႏိုင္မွာပါ… ေအးေအးေဆးေဆး မုန္႔စားရတာ ႀကိဳက္သူေတြအတြက္ေတာ့ တကယ္ကို သေဘာက်ေစမယ့္ ေနရာေကာင္းေလးတစ္ခုပါပဲ… စိမ္းစိုတဲ့ ျမက္ခင္းျပင္ေလး သာယာလွပတဲ့ ၿခံ၀န္းေလးထဲမွာ အစားအေသာက္ေလးေတြကို romantic ဆန္ဆန္ လွလွပပစားခ်င္သူေတြအတြက္လည္း အႀကိဳက္ေတြ႔ေစမယ့္ ေနရာေလးပါ…YU တို႔ YUFL တို႔နဲ႔ နီးတဲ့အတြက္ စာလုပ္ဖို႔ေနရာေလး သီးသန္႔လိုခ်င္တဲ့ တကၠသိုလ္
ေက်ာင္းသားေတြအတြက္လည္း အဆင္ေျပတဲ့ ေနရာေလးတစ္ခုေပါ့…
အားသြင္းလို႔ရမယ့္ ပလပ္ေပါက္ေတြ စားပဲြတိုင္းမွာ ရိွတဲ့အတြက္ေၾကာင့္ အလုပ္လုပ္ဖို႔လည္း အဆင္ေျပေစပါတယ္…

ဆိုင္အေနအထားေလးကတင္ အမိုက္စားမဟုတ္ဘဲ စားဖြယ္ေတြကလည္း
တကယ္ကို လက္ရာေျမာက္တဲ့ အႏုပညာေတြပါ… Gallery Café ရဲ႕
Signature Menu ေလးကေတာ့ 3 Layered Coffee ေပါ့ေနာ္… သူ႔ကို
creamy ရယ္၊ espresso ေကာ္ဖီရယ္၊ espresso ေရခဲမြေလးေတြ ရယ္ကို အလႊာတစ္ထပ္ခ်င္းစီ ဖန္တီးျပဳလုပ္ထားပါတယ္…

ဒါ့အျပင္ ေကာ္ဖီခါးခါးမႀကိဳက္ သူေတြအတြက္ ကြက္ကီးအရသာမြမြေလးေတြနဲ႔ ခ်ိဳခ်ိဳေအးေအးေလးေသာက္လို႔ရမယ့္ Oreo cookie coffee iced frappe အရသာေလးကလည္း တစ္မ်ိဳးေလးစဲြေဆာင္မႈရိွေနပါတယ္…

ဥေရာပအစားအစာေတြကို ျမန္မာလူမ်ိဳးေတြအႀကိဳက္ အရသာေတြ႔ ခံတြင္းၿမိန္ေစဖို႔ မဆလာေလးေရာယွက္ ခ်က္ထားတဲ့ Chicken leg mushroom နဲ႔ Beef steak
with brown sauce တို႔ကလည္း သိပ္ကို အရသာရိွၿပီး ထူးျခားေကာင္းမြန္
ေနပါတယ္… ေနာက္ထပ္ ထူးျခားတာ တစ္ခုကေတာ့ ပုဇြန္ေကာ္ျပန္႔ေၾကာ္ခ်ဥ္စပ္ပါ… ပုဇြန္ေကာ္ျပန္႔ေၾကာ္ကို ပုဇြန္အသားၾကားထဲ ခ်ဥ္စပ္အရသာေလး သိပ္ထည့္ေပးထားတဲ့အတြက္ အခ်ဥ္တို႔ၿပီး စားစရာမလိုဘူးေပါ့ဗ်ာ…

Gallery Café ကို မနက္(၉)နာရီကေန ည(၁၁)နာရီအထိ ဖြင့္ထားၿပီး Breakfast, Lunch, Dinner အျပင္ အျခား အဆာေျပစားဖြယ္နဲ႔ ေကာ္ဖီ၊အေအး စံုလင္စြာ
ရႏိုင္တဲ့ ေနရာေလးတစ္ခုေပါ့…

ဘယ္မွမသြားဘဲ အိမ္မွာေနရင္းပဲ အစားအေသာက္ စားခ်င္သူေတြအတြက္…
ဗဟန္း၊ ကမာရြတ္၊ လွည္းတန္းတို႔နဲ႔အတူ Gallery Café နဲ႔ နီးစပ္ရာၿမိဳ႕နယ္ေတြ
ကိုလည္း ဖုန္းဆက္မွာယူၿပီးစားႏိုင္ေအာင္ Free Delivery Service လည္း လုပ္ထားေပးပါတယ္…

VIP Room လည္းရိွေတာ့ Private Meeting ေလးေတြပဲျဖစ္ျဖစ္၊ Gathering လုပ္ခ်င္တာပဲျဖစ္ျဖစ္၊ တစ္သီးတစ္သန္႔ေလး ေအးေအးေဆးေဆးလုပ္လို႔ရပါတယ္… Birthday Party တို႔၊ ပဲြအခမ္းအနားေလးေတြလုပ္ခ်င္ရင္လည္း စီစဥ္ေဆာင္ရြက္
ေပး ပါတယ္…

အစားတစ္လိုင္းတို႔ ထံုးစံအတိုင္းပဲ ေအာက္ေလးေတြ တစ္ပံုခ်င္းစီေအာက္မွာ
ေစ်းႏႈန္းနဲ႔ အေၾကာင္းအရာေလးေတြ ေရးေပးထားတယ္ေနာ့္…

ေအာ္… ေနာက္ဆံုးေျပာခ်င္တာ တစ္ခုက  Gallery Café ရဲ႕ Special Promotion အေနနဲ႔… ဆိုင္မွာ နန္းႀကီးသုပ္+Dim sum တစ္ပဲြ စားတာနဲ႔… ေကာ္ဖီ(သို႔)
လက္ဖက္ရည္ တစ္ခြက္ Free လက္ေဆာင္ရမွာဆိုတာေလးလည္း ေျပာျပခ်င္ပါေသးတယ္ဗ်ာ… :-)

Gallery Café လိပ္စာ - အမွတ္(၉၈/စီ)၊ အင္းလ်ားလမ္း၊ ကမာရြတ္ၿမိဳ႕နယ္။
ဖုန္းနံပါတ္ - ၀၉-၄၄၀၆၅၀၀၄၀
Gallery Café Facebook - www.facebook.com/thegallerycafeinya


#AsarTaLine #FoodReview #FoodLover #NicePlace #Delicous #GalleryCafe #Myanmar

Facebook : www.facebook.com/AsarTaLine
Instagram : www.instagram.com/asartaline
Website : www.asartaline.blogspot.com
Email  :  asartaline.foodreview@gmail.com

(Unicode)
ခံစားမှုရသစုံပေးတဲ့ Gallery Café

အစားတစ်လိုင်းတို့ရေ…
နေရာတိုင်းမှာ ရှိတဲ့အလှအပတရားတွေကို ခံစားနိုင်ဖို့အတွက် စက္ခုအာရုံ မျက်ဝန်းအစုံလိုသလို စိတ်တံခါးပေါက်ကို ဖွင့်ကြည့်တတ်ဖို့လည်း လိုမယ်နော်… လူကျန်းမာဖို့အတွက် အစားအသောက် အာဟာရ လိုအပ်သလို… စိတ်ချမ်းသာကျန်းမာဖို့အတွက်လည်း ချစ်ခြင်းမေတ္တာတွေနဲ့အတူ လှပမှုတွေ
လွှမ်းခြုံနေတဲ့ အနုပညာဓါတ်တွေကို ခံစားတတ်ဖို့လိုတယ်လို့ ဖတ်ခဲ့ဖူးပါတယ်...

လူလည်း ကျန်းမာ၊ စိတ်လည်းချမ်းသာ ဖြစ်ဖို့ရာ သန့်ရှင်းလတ်ဆတ်တဲ့
အစားအသောက် အာဟာရတွေဟာလည်း အဓိကကျပါတယ်… ဒီလို သန့်ရှင်းလတ်ဆတ်ပြီး အနုအလှတွေဖုံးလွှမ်းနေတဲ့နေရာလေးတစ်ခု
အကြောင်းကို ပြောပြချင်ပါတယ်…

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာလေးတစ်ခုဖြစ်တဲ့ အင်းလျားလမ်းထဲက အနုပညာလက်ရာတွေ ပြည့်နှက်နေတဲ့ Gallery Café ပါပဲ... ဆိတ်ငြိမ်ရပ်ကွက်ထဲက ခြံဝန်းကျယ်လေးထဲမှာ ပန်းချီပြခန်းကော်ဖီဆိုင်လေးအဖြစ် ဖွင့်ထားတာပေါ့ဗျာ… ဆိုင်လေးထဲဝင်လိုက်တာနဲ့ အေးချမ်းတဲ့ ခံစားမှုလေးကို ဦးဆုံးခံစားလိုက်ရတယ်…

ဆိုင်အတွင်း အခန်းလေးထဲမှာလည်း ကော်ဖီသောက်ရင်း အခန်းနံရံပတ်ပတ်လည်က ပန်းချီကားချပ်တွေကို ကြည့်ရှုခံစားရင်း တစိမ့်စိမ့်တွေးတော စီးမျောနိုင်မှာပါ… အေးအေးဆေးဆေး မုန့်စားရတာ ကြိုက်သူတွေအတွက်တော့ တကယ်ကို သဘောကျစေမယ့် နေရာကောင်းလေးတစ်ခုပါပဲ… စိမ်းစိုတဲ့ မြက်ခင်းပြင်လေး သာယာလှပတဲ့ ခြံဝန်းလေးထဲမှာ အစားအသောက်လေးတွေကို romantic ဆန်ဆန် လှလှပပစားချင်သူတွေအတွက်လည်း အကြိုက်တွေ့စေမယ့် နေရာလေးပါ…YU တို့ YUFL တို့နဲ့ နီးတဲ့အတွက် စာလုပ်ဖို့နေရာလေး သီးသန့်လိုချင်တဲ့ တက္ကသိုလ်
ကျောင်းသားတွေအတွက်လည်း အဆင်ပြေတဲ့ နေရာလေးတစ်ခုပေါ့…
အားသွင်းလို့ရမယ့် ပလပ်ပေါက်တွေ စားပွဲတိုင်းမှာ ရှိတဲ့အတွက်ကြောင့် အလုပ်လုပ်ဖို့လည်း အဆင်ပြေစေပါတယ်…

ဆိုင်အနေအထားလေးကတင် အမိုက်စားမဟုတ်ဘဲ စားဖွယ်တွေကလည်း
တကယ်ကို လက်ရာမြောက်တဲ့ အနုပညာတွေပါ… Gallery Café ရဲ့
Signature Menu လေးကတော့ 3 Layered Coffee ပေါ့နော်… သူ့ကို
creamy ရယ်၊ espresso ကော်ဖီရယ်၊ espresso ရေခဲမွလေးတွေ ရယ်ကို အလွှာတစ်ထပ်ချင်းစီ ဖန်တီးပြုလုပ်ထားပါတယ်…

ဒါ့အပြင် ကော်ဖီခါးခါးမကြိုက် သူတွေအတွက် ကွက်ကီးအရသာမွမွလေးတွေနဲ့ ချိုချိုအေးအေးလေးသောက်လို့ရမယ့် Oreo cookie coffee iced frappe အရသာလေးကလည်း တစ်မျိုးလေးစွဲဆောင်မှုရှိနေပါတယ်…

ဥရောပအစားအစာတွေကို မြန်မာလူမျိုးတွေအကြိုက် အရသာတွေ့ ခံတွင်းမြိန်စေဖို့ မဆလာလေးရောယှက် ချက်ထားတဲ့ Chicken leg mushroom နဲ့ Beef steak
with brown sauce တို့ကလည်း သိပ်ကို အရသာရှိပြီး ထူးခြားကောင်းမွန်
နေပါတယ်… နောက်ထပ် ထူးခြားတာ တစ်ခုကတော့ ပုဇွန်ကော်ပြန့်ကြော်ချဉ်စပ်ပါ… ပုဇွန်ကော်ပြန့်ကြော်ကို ပုဇွန်အသားကြားထဲ ချဉ်စပ်အရသာလေး သိပ်ထည့်ပေးထားတဲ့အတွက် အချဉ်တို့ပြီး စားစရာမလိုဘူးပေါ့ဗျာ…

Gallery Café ကို မနက်(၉)နာရီကနေ ည(၁၁)နာရီအထိ ဖွင့်ထားပြီး Breakfast,
Lunch, Dinner အပြင် အခြား အဆာပြေစားဖွယ်နဲ့ ကော်ဖီ၊အအေး စုံလင်စွာ
ရနိုင်တဲ့ နေရာလေးတစ်ခုပေါ့…

ဘယ်မှမသွားဘဲ အိမ်မှာနေရင်းပဲ အစားအသောက် စားချင်သူတွေအတွက်…
ဗဟန်း၊ ကမာရွတ်၊ လှည်းတန်းတို့နဲ့အတူ Gallery Café နဲ့ နီးစပ်ရာမြို့နယ်တွေ
ကိုလည်း ဖုန်းဆက်မှာယူပြီးစားနိုင်အောင် Free Delivery Service လည်း လုပ်ထားပေးပါတယ်…

VIP Room လည်းရှိတော့ Private Meeting လေးတွေပဲဖြစ်ဖြစ်၊ Gathering လုပ်ချင်တာပဲဖြစ်ဖြစ်၊ တစ်သီးတစ်သန့်လေး အေးအေးဆေးဆေးလုပ်လို့ရပါတယ်… Birthday Party တို့၊ ပွဲအခမ်းအနားလေးတွေလုပ်ချင်ရင်လည်း စီစဉ်ဆောင်ရွက်
ပေး ပါတယ်…

အစားတစ်လိုင်းတို့ ထုံးစံအတိုင်းပဲ အောက်လေးတွေ တစ်ပုံချင်းစီအောက်မှာ
စျေးနှုန်းနဲ့ အကြောင်းအရာလေးတွေ ရေးပေးထားတယ်နော့်…

အော်… နောက်ဆုံးပြောချင်တာ တစ်ခုက  Gallery Café ရဲ့ Special Promotion အနေနဲ့… ဆိုင်မှာ နန်းကြီးသုပ်+Dim sum တစ်ပွဲ စားတာနဲ့… ကော်ဖီ(သို့)
လက်ဖက်ရည် တစ်ခွက် Free လက်ဆောင်ရမှာဆိုတာလေးလည်း ပြောပြချင်ပါသေးတယ်ဗျာ… :-)

Gallery Café လိပ်စာ - အမှတ်(၉၈/စီ)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်။
ဖုန်းနံပါတ် - ၀၉-၄၄၀၆၅၀၀၄၀
Gallery Café Facebook - www.facebook.com/thegallerycafeinya


#AsarTaLine #FoodReview #FoodLover #NicePlace #Delicous #GalleryCafe #Myanmar

Facebook : www.facebook.com/AsarTaLine
Instagram : www.instagram.com/asartaline
Website : www.asartaline.blogspot.com
Email  :  asartaline.foodreview@gmail.com